သဲကန္တာရမှ ကမ္ဘာ့အကြီးဆုံး ဆိုလာပြားသုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံ



သဲကန္တာရမှာ ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ် စက်ရုံ ဆောက်တယ်ဆိုတော့ ယူအေအီး ပဲ ဖြစ်မယ်လို့ တော်တော် များများ ခန့်မှန်းထားမိမှာ ဖြစ်ပါတယ်။


ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ အပြင်ဘက် မိုင် ၇၀ အကွာမှာ တည်ဆောက်ပြီး Shams 1 လို့ အမည်ပေးထားပါတယ်။ parabolic မှန်အချပ် ပေါင်း ၂သိန်း၆ သောင်း နီးပါး ခင်းကျင်းထားပြီး စုစု ပေါင်း ၁ စတုရန်းမိုင် ပတ်လည်လောက်ထိကို ကျယ်ဝန်းပါတယ်။

အိမ်ခြေပေါင်း ၂သောင်းထက်မနည်းကို လျှပ်စစ်ဓာတ်အား လုံလုံ လောက်လောက်ပေးစွမ်းနိုင်စွမ်း ရှိပါတယ်။ ယူအေအီး လိုနိုင်ငံ ဟာ ရေနံနဲ့ ချမ်းသာပေမယ့် လျှပ်စစ်ဓာတ်အား အတွက် နေရောင်ခြည် ကိုပဲ အသုံးပြုတော့ အများစု အံ့သြ ကြပါတယ်။

 ပြည်တွင်းက ထုတ်တဲ့ ရေနံကို ပိုများများ ရောင်းချနိုင်ရန် အတွက် နေရောင်ခြည်စွမ်းအင် အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ် လုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
-
Ref: techblog
Aung Kham (www.innewsmyanmar.com)

.

0 comments: