၂၀၁၃ ခုနှစ် Miss Universe ဆုကို ဗင်နီဇွဲလားမှ ဆွတ်ခူး


María Gabriela Isler လို့ အမည်ရတဲ့ ဗင်နီဇွဲလားနိုင်ငံ ကိုယ်စားပြု အလှမယ်က ၆၂ ကြိမ်မြောက် Miss Universe pageant မှာ သရဖူ ဆွတ်ခူး ခဲ့ကြောင်း သိရ ပါတယ်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့ မှာကျင်းပတဲ့ Miss Universe ပွဲ ဖြစ်ပါတယ်။


အသက် ၂၅ နှစ်အရွယ်သာ ရှိပါသေးတယ်။ အရပ် ၅ပေ ၁၀ လက်မ ရှိပြီး
၃၅.၄၊ ၂၃.၆၊ ၃၅.၄ လက်မ အတိုင်းအတာ ရှိပါတယ်။ ဗင်နီဇွဲလားမှာ ဗင်နီဇွဲလားမယ်ကို ၂၀၁၂ ခုနှစ်က ရရှိထားသူ ဖြစ်ပါတယ်။ ၆ နှစ်အတွင်း ဗင်နီဇွဲလားမှ ၃ ဦးမြောက် ရတဲ့ သရဖူ ဖြစ်ပါတယ်။

စပိန်၊ အီကွေဒါ၊ ဖိလစ်ပိုင်၊ ဘရာဇီးတို့က အစဉ်လိုက် Runner up ဆုများ အသီးသီး ရရှိခဲ့ကြောင်း သိရ ပါတယ်။
.
Ref: MissUniverse
Aung Kham ( www.innewsmyanmar.com )

.

0 comments: