ဖုန်းခိုးပေမယ့် ဖုန်းနံပါတ် ပေါင်း ၁၀၀၀ကျော် လိပ်စာကို စာဖြင့်ပြန်ရေး ပို့ပေးခဲ့သူ



နိုဝင်ဘာလလယ်လောက်က ဖြစ်သွားတဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်မှာ နေထိုင်တဲ့ လူတစ်ယောက်ဟာ ရှိုးပွဲတစ်ခုက ပြန်တော့ အခြားလူ တစ်ယောက်နဲ့ တက္ကဆီ မျှစီး ဖြစ်ပါတယ်။


အိမ်ရောက်လို့ကြည့်လိုက်တော့ ဖုန်းမရှိတော့ပါဘူး။ သူ့ဖုန်းကို တက္ကဆီပေါင်းစီးတဲ့ လူတစ်ယောက်က ခါးပိုက်နိုက်ခိုးယူခဲ့ခြင်း ဖြစ်ပါတယ်။ ဖုန်းက အိုင်ဖုန်း ဖြစ်ပြီး ဗြိတိန်ပေါင် ၂၇၀ တန်ဖိုးရှိတဲ့ ဈေးကြီး စမတ်ဖုန်း ဖြစ်ပါတယ်။ အထဲမှာလည်း ဖုန်း contact ပေါင်း ၁၀၀၀ ကျော် ရှိနေပါတယ်။ ဖုန်းပိုင်ရှင်ဟာ ဖုန်းလိုချင်တာ ကြောင့် သူ့နီးစပ်ရာ မိတ်ဆွေဖုန်းများကနေ စာပို့ပါတယ်။ ဖုန်းပြန်ပေးရန်၊ မပေးပါက တရားစွဲမယ်၊ အရေးယူမယ် ဘာညာနဲ့ ရေးပို့ပြီး ဖုန်းပြန်ပေးလို့ရမယ့် လိပ်စာကိုပါ ထည့်ပေးလိုက်ပါတယ်။

သို့ပေမယ့် နောက်နေ့ သူ့အိမ်ရှေ့ ကို ရောက်လာတဲ့ ပါဆယ်ကို ဖွင့်ကြည့်လိုကတော့ စာရွက်တွေ ဖြစ်ပါတယ်။ စာရွက်ပေါင်း ၁၁ ရွက်ပေါ်မှာ သပ်သပ်ရပ်ရပ်၊ သေသေချာချာလေး ရေးပေးထားတဲ့ Contact List ကို မြင်တွေ့ ရပါတယ်။ ဖုန်းထဲက contact တွေကို ဘောလ်ပင် နဲ့ သေချာ ရေး သားပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ ယင်း သူခိုးကို သနားကြင်နာတတ်တဲ့ သူခိုးလေလားလို့ ပြောစမတ်ပြုစေပါတော့တယ်။
.
Ref: dailymail
အောင်ခမ်း ( www.innewsmyanmar )

.

0 comments: