တစ်သက်လုံး အားမကုန်နိုင်သော ဖုန်းများ အသုံးပြုရမည်



ဖုန်းများတင်မကပါဘူး။ သယ်သွားသယ်လာ အီလက်ထရောနစ် နဲ့ အိုင်တီ ပစ္စည်းအားလုံး ဖြစ်ပါတယ်။


ဘယ်တော့မှ အားသွင်းစရာ မလိုအပ်ပါဘူး။ အလိုလိုနေရင်းနဲ့ကို အားပြည့်နေစေမှာ ဖြစ်ပါတယ်။ သူ့ရဲ့  လျှို့ ဝှက်ချက်ကတော့ ဖန်သားပြင်လို ကြည်လင်တဲ့ ဆိုလာစွမ်းအင်စုပ် ပစ္စည်းကြောင့် ဖြစ် ပါတယ်။ ယင်း ပစ္စည်းကိုသာ ဖုန်းတွေ၊အိုင်တီ ပစ္စည်းတွေမှာ ကပ်ထား ရင် အလိုအလျောက် အားဖြည့်ပေးနေမှာ ဖြစ်ပါတယ်။ သူက နေရောင်ခြည်က စွမ်းအင်ကို ဆုပ်ယူမယ်။ ဖုန်းရဲ့  ဘက်ထရီဆီ ကို ပြန်လည် Transfer လုပ်ပေးမယ့် ဆိုတဲ့ Function နှစ်မျိုးကို အလုပ် လုပ်ပေးမှာ ဖြစ်ပါတယ်။

ဒီတော့ ဘယ်ဖုန်းအမျိုးအစားနဲ့မဆို compatible ဖြစ်အောင် ဖန်တီး ရတော့မှာ ဖြစ်ပါတယ်။ အိုင်ဖုန်း နဲ့ Samsung ရဲ့  ဖုန်းအချို့ မှာ စမ်းသပ် အသုံးပြုကြည့်ပြီး အောင်မြင်တာကို တွေ့ရပါတယ်။ တီထွင် သူတွေ ကတော့ အမေရိကန် MIT က အင်ဂျင်နီယာ ကျောင်းသား များ ဖြစ် ပါတယ်။ မကြာမီ နှစ်များအတွင်း ဈေးကွက် ရောက်ရှိ လာနိုင်ချေရှိမယ့် ပစ္စည်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham ( International news for myanmar )

.

0 comments: