ကန်ဒေါ်လာ ၂၅၀ မကျော်သော US ဖုန်း Moto G ထွက်မည်



အမေရိကန်ဒေါ်လာ ၂၅၀ မကျော်တဲ့ ဖုန်းဆိုတော့ မြန်မာပြည် သာ ရောက်ရင် ၂ သိန်းခွဲဝန်းကျင်သာ ကုန်ကျမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ အမေရိကန် စမတ်ဖုန်းကို စမ်းသပ်ကိုင်ဖူးချင်သူများအတွက် သတင်းကောင်းပါပဲ။


Budget Handset ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ထွက်ရှိလာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ နေရတဲ့ ဖုန်းပါ။ အရွယ်အစားအားဖြင့် ၄.၇ လက်မ ရှိပြီး 720p အရည်အသွေး Display ကို အသုံးပြု ထားပါတယ်။ 1.5 Ghz Qualcomn S4 Pro Processor ကို အသုံးပြု ထားပါတယ်။ Storage အနေနဲ့ 8GB နဲ့ 16 GB နှစ်မျိုး Internal မှာ ပါဝင်လာမှာ ဖြစ် ပါတယ်။ ကင်မရာက 8 megapixel ရှိပါတယ်။ ဘက်ထရီက LG  ကုမ္မဏီ ထုတ် ဘက်ထရီကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ 1950 mAh စွမ်းရည် ရှိပါတယ်။

dual SIM အသုံးပြုနိုင်မယ်လို့တောင် သတင်းထွက်နေပါတယ်။ အဲဒါကတေ့ မသေချာပါဘူး။ Motorola တို့ နောက်ဆုံးထွက်ရှိခဲ့တဲ့ Moto X ကို ဈေး သက်သာ ဗားရှင်းအနေနဲ့ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ၂၀၁၄ နှစ်ဆန်းမှာ ထွက်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:pocketlint
Aung Kham ( K & N Mobile and Online Store )

.

0 comments: