မြန်မာပြည်ရောက်မည့် Mercedes S Class



ပုံမှာ မြင်တွေ့နေရတဲ့ကား မြန်မာပြည် ဈေးကွက်ရောက်မယ်ဆိုရင် ဝယ်စီး မယ့်သူတွေလည်း ရယ်ဒီ ရှိနေမှာ ယုံကြည်ပါတယ်။


Mercedes Benz S Class ရဲ့  နောက်ဆုံးထွက် ၂၀၁၄ မော် ဒယ် ဖြစ်ပြီး မြန်မာပြည်ကိုလည်း ကမ္ဘာနဲ့ တစ်ပြေးညီ ရောက်ရှိ မှာ ဖြစ် ပါတယ်။ နိုင်ငံတကာမှာ ကာလတန်ဖိုးအရ အမေရိကန်ဒေါ်လာ ၉၂၉၀၀ ဝန်းကျင် သတ်မှတ်ထားပြီး အားလုံး အပြီးအစီး ၉သောင်းခွဲ ကုန်ကျနိုင်တဲ့ ကား ဖြစ်ကြောင်းဆိုပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တိုက်ရိုက်တွက်ရင် သိန်း ၉၀၀ ပေါ့။ သို့ပေမယ့် အခွန်ဘာညာနဲ့ သေချာ ပြန်တွက်လိုက်ရင် သိန်း ၃ထောင်လောက်ထိ ဈေးမြင့်သွားနိုင်တဲ့ကား ဖြစ်ပါတယ်။

အင်ဂျင်ကလည်း အရွယ်ကြီးပါတယ်။ ၄.၆ လီတာ ဖြစ်ပြီး ဆလင်ဒါ ၈ လုံးပူး V အင်ဂျင်ကို အသုံးပြု ထားပါတယ်။ Keyless start, Rear view camera, LED headlight, taillights, interior lights, sunroof အစရှိသဖြင့် Feature အစုံအလင်နဲ့ အဆင့်မြင့် ဇိမ်ခံကား ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၅၇၇ အား ရှိပါတယ်။ S Class က Mercedes Benz ထဲမှာ အခြား Class များထက် ဈေးလည်း ကြီးသလို၊ ပိုပြီး တော့ Luxury ကျတဲ့ ကားတစ်စီးလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ Frankfurt မော်တော် ယာဉ် ပြပွဲ မှာ ဝင်ရောက် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
Aung Kham ( www.inewsmyanmar.com )

.

0 comments: