ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင် လောင်စာဆွဲ ဖုန်းအားသွင်း ဘက်ထရီ



ပုံမှာ မြင်တွေ့နေရတဲ့ ပစ္စည်းလေး ဖြစ်ပြီး Upp လို့ အမည်ပေးထား ပါတယ်။ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင် ဇီဝလောင်စာဆဲလ်ကို အသုံးပြုတဲ့ ဖုန်းအားသွင်း ဘက်ထရီတုံး ဖြစ်ပြီး သာမန် အားသွင်း Charger တုံးတွေ လိုပဲ အားအမြန်ပြည့်စေမှာ ဖြစ်ပါတယ်။


အောက်ဆီဂျင်နဲ့ ဟိုက်ထရိုဂျင်ကနေ လျှပ်စစ်စွမ်းအင်ရရှိအောင် လက်တစ်တုံးစာ အရွယ် ပစ္စည်းလေးထဲမှာ စွမ်းအင်ကို Process လုပ်မှာ ဖြစ်ပါတယ်။ စုစုပေါင်း ထုတ်နိုင်စွမ်းက ဟိုက်ထရိုဂျင် ဆဲလ် တစ်တုံးကို ၂၅ ဝပ်နာရီအား ဖြစ်ပြီး output က 5V,5W, 1000mA ရှိပါတယ်။ ဘက်ထရီကို အားပြန်ဖြည့်ဖို့အတွက် ရေငွေ့ပဲ လိုတာပါ။ ဒီတော့ ဒီတိုင်းထားထားတာရုံနဲ့တင် ဘက်ထရီတုံးက အားပြည့်နေစေမှာ ဖြစ်ပါ တယ်။ စွမ်းအင် ရှားပါးတဲ့ အနာဂတ်အတွက် Upp က အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာစေကြောင်း တီထွင်သူ ကုမ္မဏီ Intelligent Energy မှ စီအီးအို Henri Winand က ပြောဆိုထားပါတယ်။ ဘက်ထရီခြောက်မှာ USB ပေါက် ပါရှိ ပါတယ်။

Android , iOS App များဖန်တီးထားပြီး ယင်း OS ၂ မျိုးသုံး ဖုန်းတွေမှာလည်း အလွယ်တကူ အားသွင်း အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ အာဖရိက တိုက်က စွမ်းအင်ရှားပါးနိုင်ငံမှာ အခမဲ့ ဖြန့်ချိရ စီစဉ်ထားပြီး အခြား ကမ္ဘာ့ဒေသအသီးသီးသို့ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Aung Kham ( www.innewsmyanamr.com )

.

0 comments: