အောက်ချင်းငှက် သစ္စာ



မြန်မာပြည်ရဲ့  တောတောင် ရေ မြေမှာလည်း အောက်ချင်းငှက် များ နေထိုင် ကျက်စားပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ အောက်ချင်းငှက် ကတော့ အင်ဒိုနီးရှား နိုင်ငံ ၊ တော တောင်ရေမြေ မှာ တွေ့ရတဲ့ အောက်ချင်း ငှက် ဖြစ်ပါတယ်။ သူ့ကို အင်္ဂလိပ်လို Knobbed Hornbill လို့ခေါ်ပါတယ်။ အထီးဟာ အလျား ၂၇ လက်မ ကနေ လက်မ ၃၀ အထိ ရှိပြီး အမကတော့ ၂၆ လက်မ ကနေ ၂၇ လက်မ အထိ ရှိပါတယ်။

သူ့မှာ အဓိက ထူခြားချက် တစ်ခု ရှိပါတယ်။ ဒါကတော့ ဇနီးမောင်နှံ အောက်ချင်းငှက်တို့ကြား ထားတဲ့ သစ္စာ ဖြစ်ပါတယ်။ မောင်နှံ ထဲမှာ အထီးဖြစ်ဖြစ်၊ အမ ဖြစ်ဖြစ် တစ်ကောင်ကောင်က အကြောင်း အမျိုးမျိုးကြောင့် သေသွားရင် နောက်တစ်ကောင်က လိုက်သေပါ တယ်။ ကောင်းကင်နေ မြေပေါ်ကို ထိုးဆင်းပြီး ကိုယ့်ကိုယ့်ကို သက်သေခြင်း ဖြစ်ပြီး ငှက်တွေထဲမှာ သံယောဇဉ် အကြီးဆုံး ငှက်များ အဖြစ် အသိအမှတ်ပြုထား ကြပါတယ်။

Ref:wiki
အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: