Play Station 4 စရောင်းတော့မည်


Play Station 3 ပြီးတော့ နောက်ထပ် Play Station ကို စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့စတင် ရောင်းချမှာ ဖြစ်ပြီး ဥရောပမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။


Sony ဂိမ်းစက်ကို မြန်မာပြည်ရဲ့  အားပေးမှုနှုန်းက အားလုံး သိထားတဲ့ အတိုင်းပါပဲ။ PS 1 ကလို့ 3 အထိ ရောင်းအား အတော်လေး ကောင်း ပါတယ်။ Play Station 4 လည်း လူကြိုက်များအုံးမှာပါ။ တရားဝင်း ရောင်းချ တဲ့ ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၃၉၉ ပဲ ရှိပါတယ်။ သို့ပေမယ့် မြန်မာပြည်မှာ အကြောင်း အမျိုးမျိုးကြောင့် ပေါက်ဈေး မြန်မာ ကျပ် ၄သိန်းခွဲအထိလည်း ဖြစ်သွား နိုင်ပါတယ်။

HDD 500 GB ပါပြီး ကိုယ်တိုင်ထပ်မံ ဖြည့်တင်းလို့ရအောင်လည်း sony က Option ပေးထား ပါတယ်။ Single Chipx 86x64 AMD Jaguar 8-core processor ကို အသုံးပြုထားပြီး RAM က GDDR5 8GB ကို အသုံးပြု ထားပါတယ်။ PC တွေမှာပါတဲ့ 1.84 teraflips AMD Radeon Graphic Engine နဲ့ စွမ်းဆောင်ရည်ချင်း တူကြောင်း ဆိုပါတယ်။ ဓာတ်ပုံကြည့်ရှုခြင်း၊ ရုပ်ရှင်ကြည့်ရှုခြင်းလည်း ပြုလုပ် နိုင်ပါတယ်။ Ultgra High Definition support ရဖို့ ကတော့ မသေချာ သေးပါဘူး။

Wi-Fi, Bluetooth 2.1, HDMI, anologue AV, optical digital output တို့အပြင် USB 3.0 connection လည်း ပါဝင်အုံးမှာ ဖြစ်ပါတယ်။ Play Station 3 ထက် ပိုမိုအဆင့်မြင့်လာတဲ့ Sony Play Station 4 ကို ကမ္ဘာအနှံ့ ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:pocketlint
Aung Kham ( K & N Mobile and Online Store )

.

0 comments: