ငွေ ၈ သောင်းနဲ့ ရှေးဟောင်းဖုန်း ပြန်ကိုင်မယ်


၁၉၈၀ ကျော်ခုနှစ်များက အင်မတန် ခေတ်စားခဲ့တဲ့ ဖုန်းကို မြန်မာပြည်က လူနည်းစုပဲ မြင်ဖူးကြပါလိမ့်မယ်။ သို့ပေမယ့် ကမ္ဘာ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အင်မတန် ရေပန်းစားခဲ့တဲ့ဖုန်း ဖြစ်ပါတယ်။


ဖုန်းက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အရွယ်ကြီး ဖုန်းပဲ ဖြစ်ပါတယ်။ LE မျက်နှာ ပြင် အသေးပါပြီး Family ဂိမ်းလေးတွေ ဆော့လို့ရပါမယ်။ ဆင်းကဒ် ထည့်သုံးလို့ ရပါမယ်။ အဲ့လို မဟုတ်လည်း Bluetooth ဖွင့်ပြီး မိမိ လက်ရှိ စမတ်ဖုန်းနဲ့လည်း တွဲသုံး နိုင်ပါတယ်။ 2G Network အတွက် ထောက်ပံ့တဲ့ ဖုန်းပါ။

micro SD ကဒ်ထည့်သွင်းနိုင်ပြီး Music player, Video Player အနေနဲ့လည်း အသုံးပြုနိုင်တဲ့ ယင်းဖုန်းကို ဥရောပမှာ အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင်နဲ့ ရောင်းချပါတယ်။ ဒီတော့ ရှေးဟောင်းဖုန်းကို မှ ပြန်ကိုင်ချင် သူ များအတွက် Binatone Brick  ကို မိတ်ဆက် ပေးလိုက် ရပါတယ်။
.
Ref: pocketlint
အောင်ခမ်း

.

0 comments: