အသစ်ထွက်လာတော့မယ့် Nokia 929 စမတ်ဖုန်း



Nokia Lumia စီးရီးထဲက အရွယ်ကြီး စမတ်ဖုန်း အဖြစ် 929 ကို ထုတ်လုပ်ဖြန့်ချိတော့မှာပါ။ လပိုင်း အတွင်း ကျင်းပမယ့် ယူအေအီးနိုင်ငံ၊ အဘူဒါဘီက Nokia Event မှာ ဝင်ရောက်ပြသမယ့် ဖုန်း ဖြစ်ကြောင်း နည်းပညာ သတင်းဌာနများက ရေးသား ဖော်ပြ ထားပါတယ်။


Windows Phone 8 OS ကို အသုံးပြုတဲ့ ဝင်းဒိုး ဖုန်းတစ်လုံးပါပဲ။ Pure view Camera လို့ခေါ်တဲ့ Nokia ရဲ့  အကောင်းဆုံး ကင်မရာကို တပ်ဆင်ထားပြီး 20 Megapixel အရည်အသွေး ရှိပါတယ်။ အရှေ့ ကင်မရာ ဘယ်လောက် ရှိမယ်ဆိုတာကိုတော့ မဖော်ပြ ထားပါဘူး။ Quad-core 2.2 GHz Snapdrapon 800 Processor ကို အသုံးပြုထားပြီး RAM က 2GB ရှိပါတယ်။ internal storage က 32GB ရှိပါတယ်။ microSD ကဒ် ပါမပါ တော့ မဖော်ပြ ထားပါဘူး။ NFC, Wi-Fi, Bluetooth 4.0 LT, Qi ကြိုးမဲ့ အားသွင်း စနစ် အစရှိတဲ့ Feature များ ပါဝင်လာမယ်လို့ ဆိုပါတယ်။

Nokia Lumia 928 နဲ့ ပုံစံအားဖြင့် သိပ်မကွာပါဘူး။ သို့ပေမယ့် 929 က ၅ လက်မ အရွယ် Display အသုံးပြု ထားတဲ့ Handset ဖြစ်ပါတယ်။ ဈေးနှုန်းကို မကြေညာရသေသးပါဘူး။ အရွယ်ကြီးပြီး စွမ်းဆောင်ရည် ပိုကောင်းမယ့် Lumia 929 ကို ၂၀၁၄ နှစ်ဆန်းအတွင်း ဖြန့်ချိရောင်းချသွားနိုင်ချေ ရှိတယ်လို့ ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Aung Kham ( International news for myanmar )

.

0 comments: