ကိုယ်တိုင်ချက်ပြုတ်စားသောက်တတ်သော မျောက်ဝံ Kanzi


ထူးဆန်းပါတယ်။ သို့ပေမယ့် တကယ် ဖြစ်ပါတယ်။ Kanzi အမည်ရ မျောက်ဝံ ကို အမေရိကန်ပြည်ထောင်စု၊ Iowa ပြည်နယ် Des Moines မြို့ နေ အမျိုးသမီး ဆရာဝန်  Sue Savage-Rumbaugh မှ မွေး ထားခြင်း ဖြစ်ပါတယ်။


မျောက်ဝံကို မွေးပြီး လူတွေနဲ့ယဉ်ပါးအောင်သင်ပေးပါတယ်။ နောက်တော့ လူသားတို့ လုပ်ဆောင်တဲ့ ကိစ္စအတော်များများကိုပါ သင်ပေးလို့ ရတဲ့ အနေအထား တစ်ခုဖြစ်လာပြီး အစားအသောက်ဆိုရင် ချက်ပြုတ်မထားရင် မစားတဲ့အထိကို ဖြစ်သွားပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ သခင်မနဲ့ တောခရီးသွားတဲ့အခါ ချက်ပြုတ်တဲ့ တာဝန်ကို ချင်ပန်ဇီ မျောက်ဝံ Kanzi က တာဝန်ယူထားပါတယ်။ အစား အသောက် ချက်ပြုတ်ခြင်း၊ မီမွေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ယခုလို တမူထူးခြား တဲ့ အမူအရာကြောင့် ချင်ပန်ဇီတို့ရဲ့  ဥာဏ်ရည် မြင့်မားမှုကို လူသိများစေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: DailyMail
အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: