ပင်ဂွင်းတို့ရဲ့  ကျောက်စရစ်ခဲ ချစ်ခြင်း

တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပင်ဂွင်းငှက်တိုင်းမှာ တူညီတဲ့ အမူအကျင့် အတော်များများ ရှိပါတယ်။ ယင်း ကတော့ အခြား တိရစ္ဆာန်များနဲ့ မတူတဲ့ အချစ်အပေါ် တန်ဖိုးထား လေးနက်မှုပါ။


ပင်ဂွင်းတို့ရဲ့  တစ်သက်စာမှာ အထီးကလည်း အမ တစ်ကောင်တည်းကို၊ အမ ကလည်း အထီးတစ်ကောင်တည်းကိုသာ ချစ်ခင် စုံမက်ပြီး တစ်ဦးတစ်ယောက်က သေခဲ့ရင်တောင် တစ်သက်လုံး နောက်ထပ် ကြင်ဖော်မရှာပဲနေပါတယ်။ ဒီထက် ပိုထူခြားတာက သူတို့ရဲ့  ချစ်ခွင့်ပန် နည်း ဖြစ်ပါတယ်။ ပင်ဂွင်း အထီး တစ်ကောင်ဟာ သူချစ်ကြိုက်တဲ့ ပင်ဂွင်း အမကို တွေ့ရင် သူ့အတွက် ကျောက်စရစ်ခဲ လှလှလေး တစ်လုံးကို သွားရှာ လို့ သူ့ အရှေ့ မှာ လာပစ်ပေးပါတယ်။ ဒါကို ပင်ဂွင်းမလေးသာ လက်ခံ ယူလိုက်ရင် သူတို့ ၂ ဦးဟာ ချစ်ခင် စုံမက်သွားပြီလို့ မှတ်ယူ နိုင်ပါတယ်။

ကျောက်စရစ်ခဲပေးပြီး စတင်တဲ့ ပင်ဂွင်းတို့ရဲ့  အချစ်ဟာ လူသားတွေ ထက်တောင် ကဗျာဆန်နေတာကို သုတေသန ပညာရှင် တို့ လေ့လာ တွေ့ ရှိခဲ့ခြင်း ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း ( www.inewsmyanmar.com )

.

0 comments: