Disney အပန်းဖြေ ကမ္ဘာသို့ တစ်သက်စာ အခမဲ့ ဝင်ခွင့်ရသူ


ကမ္ဘာပေါ်မှာ ရှိသမျှ Diney Land ကို တစ်သက်စာ အခမဲ့ ဝင်ခွင့်ရမယ့် လက်မှတ်ကို Golden Pass လို့ အမည်ပေးပြီး ပထမဆုံး ရရှိခဲ့သူက Dave MacPherson ဖြစ်ပါတယ်။


သက္ကရာဇ် ၁၉၅၅ ခုနှစ်တုန်းကပါ။ အမေရိန် ကယ်လီဖိုးနီးယား ပြည်နယ်၊ Anaheim က Disney Resort မှာ ဖြစ်ပါတယ်။ ကောလိပ်ကျောင်းသား အရွယ်သာ ရှိသေးပြီး ကျောင်းနောက်ကျမှာ စိုးရိမ်တဲ့ Dave တစ်ယောက် ပန်းခြံကို သေချာ မလေ့လာ ဖြစ်ခဲ့ ပါဘူး။ ခပ်မြန်မြန်ဝင်၊ ခပ်မြန်မြန် ထွက်ခဲ့ပေမယ့် တစ်သက်စာ အခမဲ့ လည်ခွင့်ရမယ့် လက်မှတ်တော့ ရလိုက် ပါတယ်။ သူ့အပြင် နောက်ထပ် ဧည့်သည် ၃ ဦးကိုပါ ခေါ်လည်လို့ ရမှာ ဖြစ်ပါတယ်။ အမေရိကန်မှာတင် မက ကမ္ဘာတစ်ဝန်းမှာ ဖွင့်လှစ်ထားတဲ့ Disney Land တိုင်းကို အခမဲ့ ဝင်ရောက်လည်ပတ်ခွင့် ရရှိမှာ ဖြစ်ပါ တယ်။ နှစ်စဉ် Disney Legend ဆုကို ချီးမြင့်ပြီး ဆုရသူများကိုလည်း Golden pass ပေးပါတယ်။

Disney အနုပညာလုပ်ငန်းနဲ့ ကုမ္မဏီ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေး သူများမှ ရွေးချယ်ဆုပေးပြီး Golden Pass ပေးခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း ( International news for myanmar )

.

0 comments: