နှစ် ၂၀၀ ကျော်အသက်ရှင်သော ရွှေငါးများ



ဂျပန်ရွှေငါးလို့လည်း လူသိများတဲ့ Koi Fish ဟာ သက်တမ်းအားဖြင့် ၂၃၀ နီးပါးလောက်အထိ အသက်ရှင် နိုင်တာကို Research တစ်ခုမှာ တွေ့ရှိခဲ့ ပါတယ်။

အာရှမှာ အများဆုံး တွေ့မြင်ရတဲ့ ယင်းငါးများဟာ မြန်မာပြည်မှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။ သို့ပေမယ့် ရာသီဥတုနဲ့ရေ အပူချိန်ပြောင်း လဲမှုဒဏ်ကိုတော့ သိပ်မခံနိုင်ပါဘူး။ ၁၅ ကနေ ၂၅ ဒီဂရီ စင်တီဂရိတ် ကြားမှာ ရှိတဲ့ ရေအပူချိန်နဲ့ပဲ သင့်တော်တဲ့ငါး ဖြစ်ပြီး အဲ့ထက် နည်းတာနဲ့ များတာကို မခံနိုင်ပဲ သေဆုံး တတ်ပါတယ်။ ဒါကြောင့်မို့ သက်တမ်းမပြည့်ပဲ Koi Fish သေဆုံးရင် အပြင်ပယောဂကြောင့် ဖြစ်ပါတယ်။

အနက်ရောင်၊ အဖြူရောင်၊ ရွှေရောင်၊ ပုလဲရောင်၊ အနီရောင် အစရှိသဖြင့် အရောင်မျိုးစုံ ရှိပြီး လူမွေး အများဆုံး အလှငါး စာရင်းထဲမှာ ပါဝင်ပါတယ်။ Koi Fish များကို ဂျပန်မှာ အများဆုံး တွေ့ရပေမယ့် နှစ်အနည်းငယ်အတွင်း ရှားပါး အလှမွေးငါးစာရင်းထဲ ပါဝင်လာတော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:wiki
အောင်ခမ်း ( inewsmyanamr.com )
.

0 comments: