ဂျပန် ကာတွန်းအရုပ်နဲ့ တူတဲ့ ဆွီဒင်က အဆိုတော် Yohio



Yohio ဆိုတာ ဆွီဒင်နိုင်ငံက အသက် ၁၉ နှစ်သာ ရှိသေးတဲ့ Heavy Metal အဆိုတော် တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဆွီဒင်နိုင်ငံ အနောက်တိုင်းသား တစ်ဦး စစ်စစ် ဖြစ်ပေမယ့် ရုပ်ရည်သွင်ပြင်က ဂျပန်လို ဖြစ်နေပါတယ်။


အနုပညာ မျိုးရိုး ဖြစ်ပါတယ်။ သူဟာ ဂျပန်နိုင်ငံကိုလည်း သွားရောက် လို့ နှစ်အတော်ကြာ နေထိုင်ဖူးပြီး ဂျပန်ယဉ်ကျေးမှုနဲ့ ဘာသာစကား ကိုလည်း လေ့လာ သင်ယူပါတယ်။ ဒါကြောင့် Yohio ဟာ ဆွီဒင်၊ ဂျပန်၊ အင်္ဂလိပ် ဘာသာစကား သုံးဘာသာနဲ့ သီချင်းသီဆို နိုင်သူ တစ်ဦး ဖြစ်လာပါတယ်။ ဆွီဒင် နိုင်ငံက The Melody Festival မှာ ၂၀၁၃ ခုနှစ်ကနေ စတင် ပါဝင် ယှဉ်ပြိုင်လာပြီး နောက်ဆုံး ဖိုင်နယ်ပွဲစဉ်အထိ နှစ်နှစ်စလုံး ပါဝင်ပါတယ်။ ဘာသာ စကား သုံးဘာသာနဲ့ သီချင်းအယ်ဘမ်လဲ လေးခု မက ထွက်ရှိထားဖူး ပါတယ်။

ဂျပန်နိုင်ငံမှာလည်း အားပေးသူ ပရိတ်သတ်များ ရရှိသလို၊ ဆွီဒင်မှာလည်း အားပေးသူ လူငယ်များ ရှိပါတယ်။ ရုပ်ရည်ဟာ မိန်းခလေးလို ဖြစ်နေပြီး၊ အသံက ယောင်္ကျားလေး အသံနဲ့ ဖြစ်ပါတယ်။ ပြီးတော့ ဘာသာ စကား သုံးမျိုးကို ကျွမ်းကျင်စွာ တတ်မြောက်တာကြောင့် Kevin Johio Lucas Rehn Eires (Yohio) ဟာ အနုပညာ လောကမှာ နေရာရလာသူ ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: