ဆလောက်ကောင်လေးနဲ့အတူ ကြီးပြင်းတဲ့ ကလေးငယ်


ဆလောက် (Sloth) လို့အမည်ရတဲ့ အကောင်ဟာ တောင်အမေရိကမှာ ရှင်သန်ပေါက်ဖွားတဲ့ မျောက်နဲ့ အနည်းငယ် ဆင်တူတဲ့ သတ္တဝါမျိုး ဖြစ်ပါတယ်။ အရွယ်အစားဖြင့် တစ်နှစ်သား ကလေးငယ် လောက်အထိ ကြီးပြင်းနိုင်တဲ့ အကောင်မျိုး ဖြစ်ပါတယ်။


ယခု ယင်းဟာ ရှားပါး တိရစ္ဆာန် စာရင်းထဲ ပါဝင်နိုင်တော့မယ့် အနေအထားမှာ ရှိပါတယ်။ ဒါကြောင့်မို့ အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားမှာ နေထိုင်တဲ့ လင်မယား နှစ်ဦးဟာ သူတို့မွေားဖွားတဲ့ ကလေးငယ်ကို ရက်တူ လတူ၊ နှစ်တူ အတူတူ မွေးဖွားတဲ့ ဆလောက် တစ်ကောင်နဲ့ တွဲပေးလိုက်ပါတယ်။ ကလေးမွေးတဲ့ နေ့မှာပဲ ဆလောက်ကောင်ကို တရားဝင် အိမ်မှာ မွေးပါတယ်။ ဆလောက်ကောင်ဟာ လူတွေကို အန္တရာယ်ပြုတတ်တဲ့ အကောင်များ မဟုတ် ပါဘူး။

ကလေးငယ်လေးအတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာပြီး အတူတူ လ၊ ခုနှစ် ဖြတ်သန်းခဲ့ ပါတယ်။ ဆလောက်ငယ်လေးနဲ့ ခလေးငယ်လေးတို့ရဲ့ ချစ်စဖွယ် ဓာတ်ပုံများကို http://www.dailymail.co.uk/news/article-2849129/See-adorable-five-month-old-baby-cuddle-unexpected-best-friend-pet-sloth-called-Daisy.html ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: