Right to die အတွက် ကြိုပမ်းသူလေး တကယ် အဆုံးစီရင်ခဲ့


ပုံမှ မြင်တွေ့နေရတဲ့ အမျိုးသမိး ဟာ Brittany Maynard လို့ အမည်ရပြီး ယခု ရက်ပိုင်းလေးတင် ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ မိမိကိုယ်ကို အဆိပ်သောက် သက်သေတဲ့ ဆေးသောက်လို့ ကိုယ်တိုင် အဆုံးစီရင်ခဲ့သူ ဖြစ်ပါတယ်။ ယင်းကိုလည်း တရားဝင် ဥပဒေနဲ့ သူမ ပြုလုပ်ခဲ့တာပါ။ သူမဟာ ဦးနှောက်ကင်ဆာ ရှိနေပြီး လောကကို အမြန်ဆုံး စွန့်ခွာချင်နေသူ ဖြစ်ပါတယ်။ ယင်းဝေဒနာကို မခံစားနိုင်တော့တာကြောင့် Right to die ဆိုတဲ့ campaign ကို စတင်ခဲ့သူ ဖြစ်ပါတယ်။


သူ အသက် ၂၉ နှစ်မှာ သေဆုံးခဲ့တာပါ။ ၂၀၁၂ ခုနှစ်က အိမ်ထောင်ကျပါတယ်။ မသူ မသေခင် အမေရိကန် အပြင် အခြားသော နေရာစုံကို လည်ပတ်ခဲ့ပါတယ်။ ဥပဒေအရ ကိုယ်တိုင် သက်သေရန် မရတာကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်နိုင်တဲ့ ဥပဒေရှိတဲ့ အော်ရီဂွန်ပြည်နယ်ကို ပြောင်းလဲ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ စိတ်ထိခိုက် ဒဏ်ရာ ရပြီး ဘဝမှာ သာမန်လူလို အသက်ရှင်ဖို့ မဖြစ်နိုင်တော့ သူများ အတွက် မိမိကိုယ်ကို အဆုံးစီရင်ရန် တရားကြောင်း ထောက်ခံလို့ Campaign ကို ဦးဆောင်ပြုလုပ်ခဲ့ ပါတယ်။ Right to die ဆိုတာ လူသိများ ခဲ့ပါတယ်။

ဒါဟာ ရှေးယခင်တွေမှာလည်း ရှိတဲ့ ဥပဒေ ဖြစ်ကြောင်းဆိုပါတယ်။ အသေးစိတ်ကို http://en.wikipedia.org/wiki/Right_to_die ထဲမှာ ဖတ်ရှုနိုင်ပါတယ်။ မနာမကျင် ဘာဝေဒနာမှ မခံစားရစေပဲ ဆေးသောက်သေခြင်း ဖြစ်ပါတယ်။ သူမကတော့ သူမ ချစ်တဲ့ ခွေးလေးကို ဖက်ပြီးတော့ သေဆုံးခဲ့တာပါ။ သူမ အကြောင်းကိုလည်း http://en.wikipedia.org/wiki/Brittany_Maynard ထဲမှာ ဝင်ရောက် ဖက်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: