ဓာတ်ပုံများကို အွန်လိုင်းမှာ လွယ်တကူ တည်းဖြတ်နိုင်တဲ့နေရာ


www.picmonkey.com ဟာ ကမ္ဘာ့အကောင်းဆုံး ဝဘ်ဆိုဒ် ၁၀၀ စာရင်းမှာ ပါဝင်တယ် ဆိုပြီးတော့ PC Magazine က ရွေးချယ်ဖော်ပြ ခဲ့ပါတယ်။ တကယ်လည်း သူဟာ အသုံးပြုရ အင်မတန် ကောင်းပါတယ်။ မိမိတို့ ကွန်ပြူတာထဲမှာ Photoshop မရှိတဲ့သူတွေ အတွက် လွယ်တကူ အသုံးပြုနိုင်တဲ့ အွန်လိုင်း ပုံ တည်းဖြတ်စရာ နေရာလေး တစ်ခုပါပဲ။


မိမိ တည်းဖြတ်ချင်တဲ့ ပုံကို Upload လုပ်ပြီး စိတ်ကြိုက် တည်းဖြတ် လို့ ရပါတယ်။ စာတွေလည်း ထည့်လို့ ရပါတယ်။ flyer လုပ်မယ်။ vinyl လုပ်မယ်၊ Poster, ဖိတ်စာ အစရှိသဖြင့် တို့ကို လွယ်တကူ ပြုလုပ်နိုင်တဲ့ နေရာပါ။ အခမဲ့ အသုံးပြုရတဲ့ နေရာလေး ဖြစ်ပြီး ငွေသွင်းရင် သွင်းသလောက် ပိုများတဲ့ Feature တွေကို အသုံးပြုခွင့် ရမှာ ဖြစ်ပါတယ်။ သူ့လိုမျိုးပဲ အခြားသော ဝဘ်ဆိုဒ် များစွာလည်း ရှိပါသေးတယ်။ ဒါပေမယ့် Pic Monkey တစ်ခုကိုပဲ စွဲစွဲမြဲမြဲ သုံးရုံ နဲ့လည်း လုံလောက် ပါတယ်။

မိမိတို့ အမှတ်တရ ဓာတ်ပုံများကိုလည်း စိတ်ကြိုက် ပြင်ဆင်နိုင်ပြီး သူက စွယ်စုံသုံး ပုံပြင် စတူဒီယိုလေး တစ်ခု ဖြစ်ပါတယ်။

အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: