Avengers 2 မေလ ၂၀၁၅ ရုံတင်မည်


Avengers: Age of Ultron လို့ အမည်ပေးထားတဲ့ ဒုတိယမြောက် Avengers ရုပ်ရှင်ကို မေလ ၂၀၁၅ ခုနှစ်မှာ ရုံတင်မှာ ဖြစ်ပါတယ်။ အရင်တစ်ခေါက်က Hero များအပြင် Hero တွေ ပိုစုံလာပါတယ်။ ရန်သူ Hero များပါ ပါလာခြင်း ဖြစ်ပါတယ်။


ဇာတ်လမ်းအကျဥ်းကတော့ Iron Man က ဖန်တီးလိုက်တဲ့ စက်ရုပ်များက အသက်ဝင်ပြီး ကမ္ဘာကို ဖြတ်ဖို့ ကြိုးစားတဲ့အချိန်ကာလကို ရောက်သွားပါတယ်။ ဒီတော့ တစ်ခါ မြင်တွေ့ရမှာက ဂြိုလ်သားတွေနဲ့ တိုက်ရမှာ မဟုတ်ပါဘူး။ Iron Man က မှားယွင်းစွာ ဖန်တီးလိုက်မိတဲ့ ဥာဏ်ရည်ဥာဏ်သွေးပါ Iron Man စက်ရုပ် လူသား/ သံမဏိ လူသားများက လူတွေကို လိုက်လံ သတ်ဖြတ်ဖို့ ကြိုးစားခြင်း ဖြစ်ပါတယ်။ ယင်း အခြေအနေကနေ လွတ်မြောက်အောင် ကြိုးပမ်း ကြပြီး ပါဝင်တဲ့ Hero များ ကတော့  Iron Man, Captain America, Thor, the Hulk, Black Widow, Hawkeyem Nick Fury နဲ့ Maria Hill တို့ ဖြစ်ပါတယ်။  Pietro နဲ့ Wanda Maximoff တို့က ရန်သူ ဘက်ကနေ ပါဝင်ပါတယ်။

Avengers 2 ရဲ့ တရားဝင် ရုပ်ရှင် အမြည်း ထွက်ရှိလာပါပြီ။ http://youtu.be/tmeOjFno6Do ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: