တစ်နှစ်ကို ဗြိတိန်ပေါင် ၁သောင်းကျော်ဖိုး အွန်လိုင်းပြိုင်ပွဲ ဆုရသူ


Holly Smith လို့ အမည်ရတဲ့ ဗြိတိန်နိုင်ငံက လူငယ် အမျိုးသမီး တစ်ဦးဟာ တစ်နှစ် မှာ အွန်လိုင်း မဲပေါက်နှုန်း ဝင်ငွေ ဗြိတိန်ပေါင် ၁သောင်းကျော် ရှိပါတယ်။ သူမဟာ ကျန်းမာရေး ချို့တဲ့ပြီး အပြင်သွားဖို့ အဆင်မပြေတော့ အသက် ၂၁ နှစ် အရွယ်ကစလို့ အွန်လိုင်းမှာ ပြိုင်ပွဲတွေကို လိုက်လံ ယှဉ်ပြိုင်ပါတော့တယ်။


သူဟာ ပြိုင်ပွဲအတော်များများမှာ ဆုရပါတယ်။ အွန်လိုင်း အသုံးပြုတဲ့ အချိန် များများ ပေးနိုင်ခြင်းက သူ့အတွက် အားသာချက် တစ်ခု ဖြစ်စေခဲ့ ပါတယ်။ နောက်ပြီးတော့ http://www.ukcouponing.co.uk/ လို့ အမည်ရတဲ့ ဘလောက်ကို တည်ထောင်ပြီး  Coupon များ၊ discount information များ တင်ပေးခြင်းဖြင့်လည်း နာမည်ရလာပါတယ်။ ဒါကြောင့်မို့ သူမဟာ ပြိုင်ပွဲတွေ လိုက်ဝင်တဲ့ ဝင်ငွေ အပြင် သူမ ဘလောဂ်ကနေလည်း ဝင်ငွေရလာ ပါတယ်။ သူမဟာ ငွေသားတွေချည်း မဟုတ်ပါဘူး။ မုန့်တွေကော၊ အိမ်သုံး ပစ္စည်းတွေရော၊ အရုပ်တွေပါ ရခြင်း ဖြစ်ပါတယ်။ ငွေသား အားဖြင့် ဗြိတိန်ပေါင် ၂၅၀၀ အထိတော့ ပေါက်ဖူး ပါတယ်။

သူမဟာ ခွေးတစ်ကောင် ဝယ်မွေးလိုက်တဲ့ အချိန်က စလို့ သူမ ခွေးကို ဓာတ်ပုံ ရိုက်ပြီး ပြိုင်ပွဲ စဝင်ရောက် ယှဉ်ပြိုင်ရင်း စိတ်ပါဝင်စားစွာ လုပ်ဖြစ်သွားတာ ဖြစ်ပါတယ်။ အပြင် အလုပ်မလုပ်နိုင်တဲ့ သူမ အတွက်ကော တစ်ဖက်တစ်လမ်း ကနေ ဝင်ငွေ ရစရာ ဖြစ်လာစေခဲ့ ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: