လက်ထက်တဲ့နေ့မှာပဲ ရုပ်ရည်မနှစ်သက်လို့ အမျိုးသားက ကွာရှင်းခွင့်တောင်း


ဆော်ဒီအာရေဗျိယမှ အနည်းငယ်သော လူတို့သာ ကျင့်သုံးတော့တဲ့ ဓလေ့တစ်ခုကတော့ လူချင်း မတွေ့ဖူး ပေမယ့် မင်္ဂလာဆောင်ခြင်း ဖြစ်ပါတယ်။ မင်္ဂလာဆောင်တဲ့ နေ့မှ တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ မြင်ဖူးကြခြင်း ဖြစ်ပါတယ်။ တစ်လောက ယင်း မင်္ဂလဆောင်ပွဲ တစ်ခုကနေ ဝမ်းနည်းစရာ ဖြစ်ခဲ့ပါတယ်။ ယင်းကတော့ အမျိုးသားဟာ သတို့သမီးကို မြင်ပြီး ချက်ချင်းပဲ ကွာရှင်းခွင့်တောင်းပြီး ကွာရှင်းခဲ့တဲ့ မင်္ဂလာပွဲပဲ ဖြစ်ပါတယ်။


ကောင်လေးဟာ ဓာတ်ပုံမှာ အမျိုးသမီးကို မြင်တော့ ကြိုက်ရှာပါတယ်။ ဒါနဲ့ လက်ထက်တဲ့ နေ့အရောက် ဇာပုဝါ တင်လိုက်တဲ့အချိန် ပြုံးနေတဲ့ အမျိုးသမီးကို မြင်တော့ ကောင်လေးဟာ ချက်ချင်းပဲ အမူအရာ ပြောင်းသွား ပါတယ်။ သူအိပ်မက်ထဲမှာ စိတ်ကူးတဲ့ သူလိုချင်တဲ့ အမျိုးသမီး တစ်ယောက် မဟုတ်ကြောင်း ရေရွတ်ပြီး ချက်ချင်း ကွာရှင်းခွင့်တောင်းပါတော့တယ်။ တကယ်လည်း ကွာရှင်းခဲ့ပါတယ်။ နှစ်ဖက် မိဘ မျက်နှာပူ ဝမ်းနည်း ရပြီး သတို့သမီးလည်း မျက်ရည်ကျခဲ့ရ ပါတယ်။ သူတို့မှာ အပြင်မှာ မတွေ့ပေမယ့် ယခုလို လက်ထက်ပေးတဲ့ ဓလေ့ကတော့ ရှိနေအုံးမှာပါ။

ခေတ်စနစ် ပြောင်းလဲလာမှုအရ အမျိုးသားတို့ဟာလည်း အမျိုးသမီး တစ်ယောက်ကို ရွေးချယ်တဲ့အခါ ရုပ်ရည်ကို ဦးစားပေးတတ်လာကြောင့် လေ့လာသူများကလည်း ဆိုကြပါတယ်။ ယင်း အတွက် စိတ်မကောင်း ဖြစ်ရပြီး ကမ္ဘာအရပ်ရပ်က အင်တာနက် ကွန်ရက်တွေမှာ ပြောစရာ ဖြစ်လာခဲ့ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)


0 comments: