Wi-Fi အသံကို နားထောင်နိုင်တဲ့ နည်းပညာ



ပုံမျာ မြင်တွေ့နေရတဲ့ ဗြိတိန်က Frank Swain လို့ အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ Wi Fi အသံကို နားထောင်နိုင်စွမ်း ရှိပါတယ်။ သူက နားအကြား ချို့ယွင်းသွားပြီးတဲ့ နောက် ယင်း စွမ်းပကားကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။


အက်ဆီးဒန့်တစ်ခုကြောင့် နားမကြားတော့ပေမယ့် လမ်းထွက်လျှောက်တဲ့အခါ မမြင်နိုင်တဲ့ Wi-Fi လှိုင်းတွေရဲ့ ရွှေ့လျားသွားလာနေမှု အသံကိုတော့ အံ့မခန်း ကြားရပါတယ်။ ဒါနဲ့ ယင်းအသံကို လူတိုင်းကြားနိုင်အောင် သူဟာ အကြားအာရုံ စက်တစ်ခု တီထွင်ခဲ့ပြီး Wi-Fi သံများကို လူတိုင်း ကြားနိုင်အောင် ထောက် လှမ်း နိုင်အောင် ဖန်တီးပေးခဲ့ ပါတယ်။ ယင်းရလဒ် ကြောင့် နည်းပညာလောကအတွက် များစွာ အကျိုးထူးစေမှာ ဖြစ်ပါတယ်။ အင်တာနက် လုံခြုံရေးအပြင် Entertainment အတွက်မှာလည်း စက်ပစ္စည်းတို့ဆီ အသံ convert လုပ်တဲ့အခါ ကြားခံမလိုအပ် တော့တဲ့ အခြေအနေ မျိုးထိ ရောက်အောင် ဖန်တီးပေးမှာ ဖြစ်ပါတယ်။

ယင်းနည်းပညာကို စက်ပစ္စည်းများမှာ အသုံးပြုနိုင်အောင် ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ အားနည်းချက်ဟာ အားသာချက်လည်း ဖြစ်လာနိုင်အောင် Frank Swain ဟာ သက်သေပြနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)
.

0 comments: