Minions ရုပ်ရှင်ဇာတ်ကားသစ်



Minions အမည်ရ ရုပ်ရှင်ဇာတ်ကားသစ် အတွက် အမြည်းထွက်ရှိလာပါပြီ။ ရုံတင်မှာကတော့  အတော်လေး လိုနေပါသေးတယ်။ ၂၀၁၅ ခုနှစ် ဇွန်လ လောက်မှ ဖြစ်ပါတယ်။ ဒီဇာတ်ကားက အရင်ဇာတ်ကားတွေနဲ့ မတူတော့ပဲ Minion ကောင်လေးများကို အဓိက ဇာတ်ကောင်အဖြစ် တည်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။


 Despicable Me 2 ပြီးသွားတဲ့ ဇာတ်ဝင်ခန်းကို ပြန်လည် ထည့်သွင်းထား ပါတယ်။ ငှက်ပျောသီး ကြိုက်တဲ့ Minion လေးများဟာ သူတို့ရဲ့ ဆရာများ ဖြစ်တဲ့ T. Rex, Genghis Khan, Dracula နဲ့ Napoleon တို့ကို မတော်တဆ သတ်မိ သွားပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ ခေါင်းဆောင် မရှိပဲ နေထိုင်ရတဲ့ ဘဝကို ရောက်သွားပါတယ်။ ယင်းဘဝမှာ စိတ်ဓာတ်ကျသွားတဲ့ သူတို့ဟာ ဆရသစ်ကို ရှာဖို့အတွက် ရှာပုံတော်ထွက်ပါတယ်။ ဒါကြောင့် ၁၉၆၀ ကျော် ကာလမှာ နယူးယောက်မြို့ကို ရောက်သွားပါတယ်။

နယူးယောက်မြို့မှာပဲ သူတို့ တွေ့ချင်တဲ့ ဆရာသစ် တစ်ဆူနဲ့ တွေ့တဲ့ ရုပ်ရှင် အဖြစ် ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ရုပ်ရှင် အမြည်းကို http://youtu.be/75OYtT2Q7sE ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: