စူပါမားကတ်က ကြက်သားများ နဲ့ ကျန်းမာရေး ပြဿနာ


ဗြိတိန်နိုင်ငံမှာ လက်တလော နာမည်ကြီးနေတဲ့ ကျန်းမာရေး သတင်းကတော့ စူပါမားကတ်က ပါကင်ပိတ် ကြက်သားများ ဖြစ်ပါတယ်။ ယင်း ကြက်သားများထဲမှာ  campylobacter  လို့ အမည်ရတဲ့ ဓာတ်တစ်မျိုး ပါဝင်ပြီး ယင်းပါဝင်မှုနှုန်းများရင် အဆိပ် ဖြစ်ပါတယ်။


ဒါကြောင့်မို့ စစ်ဆေးကြည့်လိုက်တဲ့ အခါ ၇၀ ရာခိုင်နှုန်းသော ကြက်သားများက ယင်းဓာတ်များ ပါဝင်နေပြီး အဆိပ်သင့်ကြောင်းကို လေ့လာတွေ့ရှိခဲ့ ပါတယ်။ ယင်းဟာ ကျန်းမာရေးကို ထိခိုက်စေပြီး အဆိပ်ဖြစ်စေ ပါတယ်။ ဒါကိုလည်း ဗြိတိန်က ကျန်းမာရေး စစ်ဆေးရေး အဖွဲ့တစ်ခုမှ လေ့လာ တွေ့ရှိခဲ့ပြီး ဒါကို နှစ်လ ရှည်ကြာ စားသုံးနေသူများ အတွက်ကတော့ မတွေးဝံ့ စရာပါပဲ။ အရည်အသွေး ထိန်းချုပ်မှုကို ပြုလုပ်ပေမယ့် ဗြိတိန်လို့ ကမ္ဘာ့ နိုင်ငံကြီးမှာတောင် အစားအသောက် အဆိပ်သင့်တာ ဖြစ်နေပါ သေးတယ်။

ဒါကြောင့်မို့ စူပါမားကတ်မှာ တင်ရောင်းတဲ့ အသားစိမ်း၊ ငါးစိမ်းများ အပေါ် ဝယ်ယူမှုဟာ ဗြိတိန်မှာ သိသိသာသာ ကျဆင်းသွားကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: