သင် အသက် ဘယ်လောက်ရှည်မယ်ဆိုတာ တိုင်းတာပေးမယ့် နာရီ


ပုံမှာ မြင်တွေ့နေရတဲ့ နာရီ ဖြစ်ပြီး ဆွီဒင် နိုင်ငံက တီထွင်ပညာရှင် Fredrik Colting က တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၄၉.၉၉ ဗြိတိန်ပေါင် တန်ကြေးရှိတဲ့ နာရီလေးပါ။ ဖန်တီးသူကတော့ The Happiness Watch လို့အမည်ပေးထား ပေမယ့် အများစုကတော့ Death watch လို့ခေါ်ပါတယ်။


သူ့ကို စမပတ်ခင်မှာ မေးခွန်းလေးတွေကို ဖြေပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ - သင်ဆေးလိပ်သောက်မသောက်၊ သောက်ရင်လည်း တစ်ရက်ကို ဘယ်နှစ်လိပ် သောက်သလဲ၊ အားကစား ဘယ်လောက်လုပ်သလဲ၊ လမ်းဘယ်လောက် လျှောက်သလဲ၊ အသက်ဘယ်လောက်ရှိပြီလဲ အစရှိသဖြင့်ကနေ ကိုယ့်ရဲ့ နေ့စဉ် အသက်ရှင်နေထိုင်မှု ဘဝပုံစံ အချက်အလက် အားလုံးကို ထည့်သွင်းစေပါတယ် ဖြည့်ပြီးပြီ ဆိုရင် သူက အမှတ်ကို တွက်ချက် ထုတ်လုပ် ပေးပါတယ်။ ယင်းအမှတ်ပေါ် မူတည်လို့ ကိုယ်ဟာ ဘယ်လောက် ကြာကြာ အသက်ရှင် နေထိုင်ရမယ် ဆိုတာကို သိရှိမှာ ဖြစ်ပါတယ်။

ယင်းနာရီကို အွန်လိုင်းပေါ်မှာ စတင် ရောင်းချပြီး လူကြိုက်များခဲ့ ပါတယ်။ အရောင်အားဖြင့် အဖြူ နဲ့ အနက်ပဲ ရရှိပါသေးတယ်။ နိုင်ငံတကာ အွန်လိုင်း စတိုးများမှာ ရှာဖွေ ဝယ်ယူ နိုင်ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyamar.com)

.

0 comments: