အွန်လိုင်းမှာ ကားဘယ်လို ကောင်းကောင်းဝယ်မယ် ?

နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ အချိန်အကုန်ကျသက်သာစေမဲ့ နည်းလမ်းတွေက များစွာ ပေါ်ပေါက်လာပါတယ်။ ကား တစ်စီးဝယ်ချင်လို့ပဲ ဖြစ်ဖြစ် အခြား ကုန်ပစ္စည်းတွေကို မှာယူချင်လို့ပဲ ဖြစ်ဖြစ် အရင်လို အရောင်းဆိုင်တွေကို တစ်ဆိုင်ပြီး တစ်ဆိုင်အပြင်မှာ အချိန်ကုန်ခံပြီး ရှာမနေတော့ပါဘူး. အွန်လိုင်း ဆိုင်တွေနဲ့ ဖုန်းနံပါတ် လိပ်စာတွေကို ရှာပြီး သေချာမှ နောက်ဆုံး အဆင့်အနေနဲ့ အပြင်မှာ လူကိုယ်တိုင် ကြည့်ပြီး ၀ယ်ကြပါတော့တယ်။ ပုံမှန်အားဖြင့်တော့ ပြည်တွင်းက လူအများစုဟာ ကားနဲ့ အခြား တန်ဖိုးကြီး ပစ္စည်းတွေကို ၀ယ်ရာမှတော့ လူကိုယ်တိုင် အပြင်မှာ ကြည့်ပြီး ၀ယ်ချင်တဲ့သူတွေကများပါတယ်။အခုဆို ပြည်တွင်းမှာ ရောင်းသူနဲ့ ၀ယ်သူတွေကို ဆက်သွယ်ပေးတဲ့ အွန်လိုင်း ၀န်ဆောင်မှု ဆိုဒ်တွေ အများကြီး ရှိလာပါပြီ။ ကားအတွက်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ ကားဝယ်ယူရောင်းချမှုတွေကို ပေးစွမ်းနေတဲ့ motors.com.mm တို့လိုသော နိုင်ငံခြား အခြေစိုက် ကုမ္ပဏီတွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ အွန်လိုင်းမှာ ကားဝယ်တော့မယ်ဆို စဉ်းစားရမှာက အပြင်နဲ့ တူတူလောက်ပါပဲ။ တစ်ခုရှိတာ အွန်လိုင်းက ၀ယ်မယ်ဆို စုံစမ်းမေးမြန်းမှုတွေမှာ တော့ သေချာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ထိုအတွက်ကိုတော့ အွန်လိုင်းမှာ ရှိပြီး ယုံကြည်ရတဲ့ ကားစင်တာတွေနဲ့ ကုမ္ပဏီတွေကို ချိတ်ဆက်ပေးနေတဲ့ ဆိုဒ်တွေမှာ ၀င်ရောက် ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။  အွန်လိုင်းမှာ ကားကို အဆင်ပြေစွာ ၀ယ်ယူနိုင်စေဖို့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။



ဝယ်ယူလိုတဲ့ အရာကို စိတ်ထဲအရင်ထားခြင်း
တကယ်လို့ ကားတစ်စီး ၀ယ်ယူတော့မယ်ဆိုရင် ကိုယ်ရဲ့ လိုအပ်ချက်ကို အရင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကိုယ်က လိုအပ်လို့ ၀ယ်ယူခြင်းလား၊ (သို့) အခြား အကြောင်းအရာတွေကြောင့်လား ပေါ့။ ဒါတွေကို အရင် စဉ်းစားပြီးမှာ နောက်ထပ် စဉ်းစားရမှာ က ကိုယ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကားအမျိုးအစားကို ရှာဖွေခြင်းပါပဲ။ ထိုအကြောင်းအရာနဲ့ တစ်ဆက်တည်းမှာတော့ အင်ဂျင်အရွယ်အစားနဲ့ ဆီစား စတဲ့ အကြောင်းအရာတွေကိုပါ ထပ်မံ ဖြည့်သွင်းပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။


ဈေးနှုန်းကို နှိုင်းယှဉ်ခြင်း
အွန်လိုင်းမှာ ရောင်းသူတွေက တစ်ယောက်နဲ့ တစ်ယောက်က ဈေးတင်ထားတာ မတူနိုင်ပါဘူး။ ဈေးနိမ့်တဲ့ကားက ဘာလို ဈေးနိမ့်ရတာလဲ။ ဈေးမြင့်တဲ့ကားက ဘယ်လို
အချက်တွေကြောင့်ဈေးမြင့်ရတာလဲ
အစရှိသဖြင့် အကြောင်းအရာတွေကို သိရှိဖို့လိုပြီး ဈေးကို ချိန်ဆနိုင်မှာ ဖြစ်ပါတယ်။ ထိုအပြင်ဈေးတွေက ကားရဲ့ ဘရန်၊ ကားရဲ့ မော်ဒယ် ၊ ထုတ်လုပ်တဲ့ နှစ်စတဲ့ အကြောင်းအရာတွေပေါ်မှာ မူတည်ပြီး ကွဲပြားမှာ ဖြစ်ပါတယ်။ စတဲ့ အကြောင်းအရာတွေကို ချိန်ညှိကြည့်ကြည့်ပြီးဆိုရင်တော့ ဈေးကို ကိုယ်သုံးနိုင်တဲ့ ပမာဏနဲ့
 ထပ်ပြီး တွက်ချက်နိုင်ပြီး ဖြစ်ပါတယ်။


ရောင်းသူကို ဆက်သွယ်ခြင်း 

ရွေးချယ်ထားတဲ့ကားရှိပြီး ဆိုရင်တော့ရောင်းသူကို ဆက်သွယ်ဖို့ လိုအပ်လာပြီးဖြစ်ပါတယ်။  ၀ယ်ယူဖို့အတွက် သိဖို့လိုအပ်တဲ့ အချက်အလက်တွေ အားလုံးအတွက် တိုက်ရိုက် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။


မိုင်နှုန်း

ကားတစ်စီးရဲ့ မောင်းနှင်ထားတဲ့ မိုင်နှုန်းကို အတိအကျ သိရှိနိုင်တာလည်းတစ်ပတ်ရစ်ကားတွေကို ၀ယ်ယူရာမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။


ကားပိုင်ရှင် အရေအတွက်

ဒါဟာ ကားဝယ်ယူမည့်သူအတွက် အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ရောင်းချသူဟာ ထိုမေးခွန်းကို ဖြေဆိုဖို အနည်းငယ် တုံဆိုင်းနေနိုင်ပါတယ်။ တကယ်လို့ တိတိကျကျမဟုတ်ဖူးဆိုရင် သူကိုတော့ ထပ်ခါ ထပ်ခါ ဖြစ်ဖြစ် မေးရမှာ ဖြစ်ပါတယ်။ သို့မဟုတ်ရင်၊ သံသယတစ်ခုခု စိတ်ထဲမှာ ဖြစ်ရင် နောက်ရောင်းချသူတစ်ဦးကို စောင့်နေနိုင်ပါတယ်။

မှန်ကန်တဲ့ ကား အစိတ်အပိုင်းများ


အရေးကြီးတဲ့နောက်တစ်ချက်အနေနဲ့ ကားဟာ သူနဲ့ မှန်ကန်တဲ့ အစိတ်အပိုင်းနဲ့လားဆိုတာ မေးဖို့ လိုပါတယ်။ ထိုအချက်ကတော့ နောက်တစ်ကြိမ် ထိုကားရဲ့ မောင်းနှင်ထားတဲ့ သက်တမ်းအကြောင်းကို ပြန်ပြီး ပြောပြနိုင်ပါတယ်။ 


ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း
ထိုအချက်ကတော့ နောက်ဆုံး အဆင့်နီးပါး ဖြစ်နေပါပြီး ရောင်းချသူကို အချက်အလက်တွေ အားလုံး မေးပြီးပြီး ဆိုရင်တော့ ကားကိုစစ်ဆေးဖို့ သွားကြည့်ရူရပါမယ်။ ထိုနေရာမှာတော့ အင်ဂျင်နဲ့ ချက်စီ နံပါတ်တွေကိုပါ ထည့်ပြီး ပြောရပါမယ်။ ကားရဲ့ စာရွက်စာတမ်းတွေထဲမှာ ပါရှိတာနဲ့ အပြင်မှာ တွေ့တဲ့ ချက်စီ နံပါတ်တွေကို ကိုက်ညီကြည့်ရူနိုင်ပါတယ်။ ထို အချက်တွေက ကားစပြီး တင်ပို့မှုတွေတုန်းက အကြောင်းအရာတွေအကြောင်းကို ပြန်ပြီး သိရှိစေမှာ ဖြစ်ပါတယ်။ ထို သို့ သင့်ရဲ့ ၀ယ်ယူမှု စိတ်တိုင်းမကျ မခြင်း ငွေပေးချေခြင်းကို အလျှင်စလို မပြုသင့်ပါဘူး။


အသေးစိတ် ကြည့်ရူခြင်း

ကားရဲ့ ဘန်ပါ၊ ဖန်ဒါတွေကို နေရောင်ထဲမှာ ခြစ်ရာနဲ့ အက်ရာတွေအတွက် စစ်ဆေးရပါမယ်။ ထိုနေရာမှာ တစ်စုံတစ်ရာသော ပြုပြင်ထားမှုတွေဟာ မတော်တဆမှု တစ်ခုခုရဲ့ အရိပ် လက္ခဏာ တစ်ခုခု ဖြစ်နိုင်ပါတယ်။ လေကာနဲ့ ပြတင်းပေါက်များကိုလည်း သေချာစွာ ကြည့်ရူရပါမယ်။ ပြီးတော့ ကားဘော်ဒီ လိုင်းတွေမှာလည်း ကြည့်ရူရမှာဖြစ်ပြီး တံခါး အစွန်းတွေနဲ့ ကားပန်နယ်၊ စတဲ့ နေရာတွေမှာလည်း ကြည့်ရူဖို့ လိုအပ်ပါတယ်။

.

နိဂုံးချုပ်
နောက်ဆုံး ကားဝယ်ယူဖို့ ဆုံးဖြတ်ချက်တစ်ခု အနေနဲ့  ကားရဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို အမြင်အားဖြင့် နေရာတိုင်းမှာ စိတ်တိုင်းကျလားဆိုတာကို သေချာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေ အားလုံးကို စိတ်တိုင်းကျမှ ဈေးညှိခြင်းကို ပြန်လည် လုပ်ဆောင်သင့်ပါတယ်။ ၀ဘ်ဆိုဒ်ပေါ်မှာ ရောင်းချဖို့ တင်ထားတဲ့ ဈေးနဲ့ တကယ်တမ်းရောင်းချတဲ့ ဈေးနဲ့က ကွာဟခြင်း ဖြစ်နိုင်ပါတယ်။ အရင်က ခေါ်ဈေးကို မှတ်ထားပြီး ကိုယ်ကြည့်ခဲ့ စစ်ဆေးချက်တွေမှာ ပေါ်မှာ အနာအဆာတွေ အနည်းအများနဲ့ မှုတည်ပြီး ဈေးလျော့ခိုင်းနိုင်မှာ ဖြစ်ပါတယ်။













0 comments: