အသက် ၁၁ နှစ်သာရှိပေမယ့် အိုမင်းနေတဲ့ ကလေးငယ်


Ashanti Elliot Smith လို့ အမည်ရတဲ့ အသက် ၁၁ နှစ်သာ ရှိသေးတဲ့ ဗြိတိန်က ကလေးငယ်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းတဲ့ ရောဂါ ဝေဒနာကို ခံစားနေရ ပါတယ်။ သူမဟာ အိုမင်းမြန်တဲ့ ရှားပါး ရောဂါ အပြင် ဆံပင်တွေ အကုန်မကျန် ပျောက်တဲ့ ရောဂါကိုပါ တွဲဖက်လို့ ခံစားနေရပါတယ်။


သူမ ကျောင်းကို တက်တဲ့အခါ ဆံပင်မရှိတဲ့အတွက် ရှက်တာကြောင့် ပုံမှာ မြင်တွေ့ရတဲ့ ပန်းရောင် ဆံပင်ကို တပ်ခဲ့ပါတ်။ ဒါပေမယ့် ဒါကို အတန်း ဆရာမ ချွတ်ခိုင်းခဲ့ပါတယ်။ အတန်းက ကျောင်းသူတွေ အတုခိုးမှား အရောင်စိုးမှာ ကြောက်တဲ့ အကြောင်းပြချက်တဲ့ ချွတ်ခိုင်းပေမယ့် သူမအတွက် ကတော့ အသဲထိအောင် ဝမ်းနည်း အရှက်ရခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ သူမ အမေကို ပြန်ပြောပြီး ငိုကြွေးခဲ့ ပါတယ်။ အရွယ်နဲ့ မလိုက်အောင် ခန္ဓာကိုယ် အိုမင်းတဲ့ ရောဂါ ဝေဒနာ ခံစားနေရတာကြောင့် သူမ အသက်ရှင်သန်ဖို့ အချိန်ဟာ သိပ်မကျန်တော့ ပါဘူး။ အသက် ၁၅ နှစ်ဆိုတာ မိုင်ကုန်ပဲ ဖြစ်ကြောင်း ဆရာဝန်တွေက ပြောထားပါတယ်။

ဒါကြောင့် သူမ ပျော်ရွှင်စိတ်ချမ်းသာအောင် ဆန္ဒများကို မိဘများက ဖြည့်ဆည်း ပေးနိုင်ဖို့ ကြိုးစားပေးနေ ပါတယ်။ လင်းပိုင်တို့နဲ့ ရေကူး ချင် ဆန္ဒကိုလည်း အလှူရှင် အဖွဲ့တစ်ခုရဲ့ ငွေကြေးနဲ့ ဖြည့်ဆည်း ပေးခဲ့ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: