မြေခွေးလင်းနို့ သို့မဟုတ် မြေခွေးပျံ

ပုံမှာ မြင်တွေ့နေရတဲ့ သတ္တဝါကို မြေခွေးလင်းနို့ လို့လည်း ခေါ်ပါတယ်။ သူက ဧရာမ လင်းနို့ ဖြစ်ပြီး အရွယ်အစား အင်မတန် ကြီးတာကြောင့် Megabat လို့လည်း ခေါ်ပါတယ်။ အမည် အပြည့်အစုံကတော့ Flying Fox Megabat ဖြစ်ပါတယ်။


မြေခွေး အရွယ်အစား ရှိတာကြောင့် ဖြစ်ပါတယ်။ ၅ ပေ ၆ လက်မ အထိ တောင်ပန် ဖြန့်နိုင်ပြီး ၃ပေါင်ခွဲ အထိ အလေးချိန် ရှိနိုင်ပါတယ်။ သူတို့ဟာ အသီးစားတဲ့ လင်းနို့ ဖြစ်ပါတယ်။ အသား၊ အင်းစက်တို့၊ သွေးတို့ စားသုံးတဲ့ လင်းနို့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာလည်း ရောဂါ သယ်ဆောင် နိုင်တဲ့ အကောင်များ ဖြစ်ပါတယ်။ ဥပမာ Ebola test အရ Positive ရှိပါတယ်။

မက်ဒီတာရေးနီးယမ်း အရှေ့ပိုင်း၊ အရှေ့အာရှ၊ အာဖရိ၊ သြစတေးလျ တို့မှာ ရှင်သန် ပေါက်ဖွားတဲ့ အကောင်များ ဖြစ်ပါတယ်။ သူ့ကို မြေခွေးပျံလို့လည်း ခေါ်ပါတယ်။ မြေခွေးခေါင်း သဏ္ဍာန်လည်း ရှိနေတာကြောင့် ဖြစ်ပါတယ်။ အသေးစိတ်ကို http://en.wikipedia.org/wiki/Megabat ထဲမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)
.

0 comments: