ဒေးဗစ်ဘက်ခမ်းရဲ့ သား အာစင်နယ်တွင် ကစားမည်


ဒေးဗစ် ဘက်ခမ်းရဲ့သား Brooklyn Beckham ဟာ အာစင်နယ် အသင်းနဲ့ စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပြီ ယခုနှစ် စတင် ကစားတော့မှာ ဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ အသက် ၁၅ နှစ်အရွယ်သာ ရှိသေးတဲ့ သူ့ရဲ့ အကြီးဆုံးသားကို ဘောလုံးအကယ်ဒမီ ပို့ခဲ့တာ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဘောလုံးကန်ခြင်း ဝါသနာ ပါပြီး ယင်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစပါတယ်။


အာစင်နယ် ရဲ့ နည်းပြ ပြောဆိုချက် အရတော့ Brooklyn Beckham ဟာ ခြေစွမ်းပြ ဘောလုံးပွဲတစ်ခုမှာ အရည်အချင်းပြသ နိုင်ခဲ့တာကြောင့် ယခုလို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ Brooklyn Beckham ကို ခေါ်ဖို့ အတွက် စိတ်ဝင်စားနေတာက အာစင်နယ် တစ်သင်းတည်း မဟုတ်ပဲ မန်ယူ နဲ့ ချယ်စီးလည်း ပါဝင်ခဲ့ပြီး အာစင်နယ်မှာ အရင်ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ ဒေးဗစ်ဘက်ခမ်းကာ Gunner ပရိတ်သတ် ဖြစ်လာမဖြစ်လာတော့ မပြောတ် ပါဘူး။ အမေဖြစ်သူ ဗစ်တိုးရီးယား ဘက်ခမ်းကတော့ အာစင်နယ် ပရိတ်သတ်ဖြစ်လာ ပါတော့မယ်။ အာစင်နယ် အားပေးသူ များကလည်း Brooklyn Beckham က အာစင်နယ် အသင်းဝင် ဖြစ်လာခြင်းကို ဝမ်းသာ ကြိုဆိုလျက် ရှိပါတယ်။

သူဟာ သူ့ရဲ့ အရည်အချင်း ဘယ်လောက်အထိ ရှိမယ်ဆိုတာ အားလုံး စောင့်ကြည့်လျက် ရှိပါတယ်။ ဖခင်ရဲ့ အရှိန်အဝါနဲ့ သူ့ဘကို မတည်ဆောက်ခြင်းပဲ ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်လိုသူ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: