ကန်ဒေါ်လာ ၁.၂၅ သန်း တန် ပြိုင်ကား Venom GT2



Venom GT1 ကို အမေရိကန်ဒေါ်လာ ၁ သန်းဝန်းကျင်နဲ့ ၂၀၁၂ နှစ်ဆန်း က ရောင်းချခဲ့ပါတယ်။ စတင်ပြသတာကတော့ ၂၀၁၀ ခုနှစ် မတ်လက တည်းက ဖြစ်ပါတယ်။ ယခု ကားကတော့ ၂၀၁၄ မော်ဒယ် အမည်နဲ့ ထွက်ရှိ လာမယ် GT2 ဖြစ်ပါတယ်။


အမေရိကန်  Hennessey Performance Engineering က ဗြိတိန် Lotus Exige ပြိုင်ကား အခွံကို အသုံးပြုလို့ ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံး ကား ဖြစ်အောင် ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ ယခင် GT1 တုန်း က မြင်းကောင်ရေအား ၁၂၀၀ ထုတ်လုပ်နိုင်ပြီး စူပါပြိုင်ကား တစ်စီး ဖြစ် ခဲ့ပါတယ်။

ယခု မော်ဒယ်သစ်က မြင်းကောင်ရေအာ ၁၅၀၀ ထုတ်လုပ်နိုင်ပါတယ်။ ဆလင်ဒါ ၈ လုံးပူး အင်ဂျင် ဖြစ်ပေမယ့် ၇၀၀၀ စီစီ အရွယ်ကြီးမှာ ဖြစ်ပါ တယ်။ အမြန်ဆုံး top speed ကို တစ်နာရီ ၁၇၅ မိုင်ကျော်မယ်လို့ သီအိုရီ အရ တွက်ချက်ထားပြီး Bugatti Veyron တို့လို နာမည်ကြီး ပြိုင်ကား များကို အဓိကယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လေခွင်းတောင်ပံ ပြန်လည် အဆင့်မြင့် ထားပြီး အလေးချိန်လျော့အောင် ကာဘွန်ဖိုက်ဘာနဲ့ အလူမီနီယမ်ကို ယခင် အတိုင်း ပေါင်းစပ်ပါတယ်။

အဓိက ပြောင်းလဲသွားမှုက Engine Performance နဲ့ အတွင်းခန်း အပြင် အဆင် ဖြစ်ပါတယ်။ နှစ်ယောက်စီး ပြိုင်ကားပု ဆိုပေမယ့် ကမ္ဘာ့အမြန်ဆုံး စံချိန်ချိုးဖို့ ပြင်နေတဲ့ ကားသရဲ ဖြစ်ပါတယ်။ အစီးရေ အနည်းငယ်သာ ထုတ်လုပ်ထားပါတယ်။ အမေရိကန်ဒေါ်လာ ၁.၂၅ သန်းဆိုတော့ မြန်မာငွေနဲ့ တွက်ရင် အဆ တစ်ထောင်နီးပါး တက်သွားမှာ ဖြစ်ပါတယ်။ တကယ်ဝယ်စီး ဖို့ ရည်ရွယ်ရင် နောက်ထပ် သုံးဆလောက် ပိုနိုင်ပါသေးတယ်။

သို့ပေမယ့် Hennessey Venom GT2 ထွက်ရှိမယ့် အချိန် နီးကပ်နေပြီ ဖြစ် တဲ့အတွက် ကမ္ဘာတစ်လွှားက အော်ဒါမှာယူသူများ ရှိနေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
--
Ref: Venom auto
http://www.motors.com.mm/

0 comments: