Gangnam Style သီချင်းက တစ်သက်တာ လူကြည့်အများဆုံး Youtube ဗီဒီယိုအဖြစ် စံချိန်တင်



တောင်ကိုရီးယား Rapper အဆိုတော် PSY ရဲ့  Gangnam Style သီချင်းဟာ မကြာသေးမီကပဲ အချိန်တိုတွင်း Youtube တွင် လူကြည့် အများဆုံး ဗီဒီယိုအဖြစ် စံချိန်တင်ထား ပါတယ်။ ယခု နောက်ထပ် စံချိန် သစ်ကတော့ တစ်သက်တာ လူ့ကြည့်အများဆုံး Youtube ဗီဒီယို (YouTube's most-watched video of all time) အဖြစ် ထပ်မံ စံချိန် တင်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

သောကြာနေ့မှာ ဂျနီဖာလိုပက်ဇ် ရဲ့  On the Floor သီချင်းကို ကျော်လွန်ပြီး စနေနေ့အပြီးမှာတော့ ကနေဒါ R&B အဆိုတော် ဂျက်စတင်ဘီဘာရဲ့  Baby သီချင်းကို ကျော်လွန်သွားပါတယ်။ အရေအတွက်အားဖြင့်ကတော့ Gangnam Style က 803,761,928 အရေအတွက် ရှိပြီး Baby ဟာ 803,658,345  နဲ့ ကျန်ခဲ့ပါတယ်။ ဂျက်စတင်ဘီဘာရဲ့  စံချိန်ကို ချိုးဖြတ်ပြီး အချိန်တိုအတွင်း အမြန်ဆုံး အောင်မြင်တဲ့ တောင်ကိုရီးယား အဆိုတော် တစ်ဦးလည်း ဖြစ်လာပါတယ်။ အမေရိကန် သမ္မတ အိုဘားမား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အစရှိသဖြင့် ကမ္ဘာကျော် ပုဂ္ဂိုလ်များအထိ ပါ ပျံ့ နှံ့သွားတဲ့ သီချင်း ဖြစ်ပါတယ်။

တောင်ကိုရီးယားလို့ ပြောလိုက်ရင် ဂဏန်းစတိုင် သီချင်းကို ပထမဦးဆုံး အမှတ်ရလောက်အောင် PSY မှ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့  ဖခင် အီလက်ထရောနစ် ကုမ္မဏီ ရှယ်ယာဈေးလည်း တက်ပြီး မိသားစုစီးပွားရေးပါ မြင့်တက်သွားပါတယ်။ CNN နဲ့ အင်တာဗျူး ထားချက် အရ PSY မှ နောက်ထပ် သီချင်းတစ်ပုဒ် ဖန်တီးနေပါတယ်။ အင်္ဂလိပ်နဲ့ ကိုရီးယား ဘာသာ နှစ်မျိုးလုံးနဲ့ ရောစပ်သီဆိုထားတဲံ့ သီချင်း တစ်ပုဒ်ဖြစ်ပြီး Youtube ပေါ် တင်အုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: gadgets.ndtv./ Photo via: Did you know?

0 comments: