လူဖြင့် လုပ်သော ကား



ရုတ်တရက် ကြည့်လိုက်ရင် ကားလို့ ထင်ရပေမယ့် အမှန်တော့ လူ ၁၇ ဦးကို ဆေးခြယ်လို့ ပုံဖော်ထားတဲ့ ကား ဒီဇိုင်း ဖြစ်ပါတယ်။

အမျိုးသား၊အမျိုးသမီး ပါဝင်ပြီး သြစတေးလျ body painter -  Emma Hack  က ဆေးခြယ်ပေးထားတာ ဖြစ်ပါတယ်။ ကြော်ငြာ ဝန်ဆောင်မှု ကုမ္မဏီ Clemenger BBDO Adelaide  မှ ဦးစီးပြီး ဖန်တီးပေးထား တဲ့ ကြော်ငြာတစ်ခု ဖြစ်ပါတယ်။ တောင်အမေရိက မော်တော်ယာဉ် ယာဉ်အန္တရာယ် ထိန်းသိမ်းရေး ကော်မရှင် အတွက် ပြုလုပ်ထားပေး တဲ့ ကြော်ငြာ ဖြစ်ပါတယ်။

 တောင်အမေရိက နိုင်ငံများမှာ ယာဉ်စည်းကမ်း မလိုက်နာမှုများကြောင့် သေဆုံးရမှုများကို သိရှိစေပြီး ဆင်ခြင် အမှတ်ရစေဖို့ ယခုလို လူတွေနဲ့ စုဖွဲ့ပြီး ကားပုံစံ ဖန်တီးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: masefact

0 comments: