လက်တလော Core i5 လပ်(ပ်)တော့ နှင့် ၂၀၁၀ ထွက် Macbook Core i5 Pro


၂၀၀၆ ၊ဇန်နဝါရီလ က စတင်ပြီး ယနေ့တိုင် ရပ်တည်လာတဲ့ စတိဗ်ဂျော့်ရဲ့  လက်ရာ တစ်ခုလည်း ဖြစ် ပါတယ်။ အဲ့တုန်းက ကမ္ဘာ့အပါးဆုံး Notebook များလို့တောင် Apple မှ ကြွေးကြော်နိုင်ခဲ့ပါတယ်။ ယခုတော့ Apple တင်မဟုတ်တော့ ပဲ အပါးဆုံး စာရင်းဝင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပြီ ဖြစ် ပါတယ်။


မြန်မာပြည်က user အနေနဲ့ သာမန် Probook တစ်လုံးကို တော်ရုံ မဝယ်နိုင် ပါဘူး။ လပ်(ပ်)တော့ တစ်လုံး ၄၊၅ သိန်းပဲ ပေါက်ဈေးရှိနေချိန်မှာ Apple ရဲ့  Macbook Pro များကျတော့ သိသိသာသာကို ဈေးထောင် တက်နေပါတယ်။ သို့ပေမယ့် Apple အမာခံများရှိနေတဲ့ အတွက် မြန်မာပြည် မှာလည်း user အသင့်တင့် ရှိပါတယ်။ Windows OS အသုံးပြုနေကျ လူတစ်ယောက်က Apple ရဲ့  Mac OS X ကို စမ်းသုံးလိုက်ရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ရှုပ်သွားပါတယ်။ သို့ပေမယ့် OS X သုံးနေကျလူ သွားမေးတော့ Windows တောင် မသုံးချင်တော့ဘူးလို့ အမွမ်းတင်ပြောဆို ပါတယ်။

ဒီတော့ Macbook Pro ကို မဝယ်သုံးနိုင်ရင်တောင် အလိုလို အထင်ကြီးတဲ့ စိတ်များ ဖြစ်ပေါ်မိကြတယ်လို့ အချို့ က ဆိုပါတယ်။ ယခု ၂၀၁၂ အတွင်းမှာ ၁၃ လက်မ၊ ၁၅ လက်မ Core i7 Macbook Pro အသစ်များ မိတ်ဆက်ပြီး ဈေးနှုန်း ကျတော့ အမေရိကန်ဒေါ်လာ ၂၀၀၀ အထက်တွေ တွေ့ရပါတယ်။

 မြန်မာပြည်မှာဆိုရင် သိန်း ၂၀ အထက် ပေါက်ဈေး ရှိမယ့် Laptop များ ဖြစ်ပါတယ်။ ဒီတော့ အသစ်လည်း မဝယ်နိုင်ဘူး။ Macbook Pro လည်း သုံးချင်သပဆိုရင် မော်ဒယ်နိမ့် ဝယ်သုံး ယုံပဲ ဖြစ်ပါတယ်။ မော်ဒယ်နိမ့်ဆိုပေ မယ့် သူ့ရဲ့  မော်ဒယ်နိမ့်က သာမန် Laptop ထုတ်သူများရဲ့  မော်ဒယ်မြင့်နဲ့ သိပ်မကွာပါဘူး။ လပ်တော့ တစ်လုံး ဝယ်မယ်ဆိုရင် Processor, Graphic, Memory အစရှိတဲ့ Hardware များက အရေးကြီးတယ်ဆိုတာ လူတိုင်း သိနေပါတယ်။

ဒါဆို ၂၀၁၀ မော်ဒယ် Macbook Pro ၁၅ လက်မများကို လက်လှမ်း မှီနိုင်ပါတယ်။ ၂၀၁၀ ဧပြီလကတုန်းက ၁၅ လက်မ Core i5 - Macbook Pro ကို အမေရိကန်ဒေါ်လာ ၁၈၀၀ ဝန်းကျင်နဲ့ ထုတ်လုပ် ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် ၁၇ သိန်းကျော်ဆိုပေမယ့် ၂၃ သိန်းကျော် အထိကို မြန်မာပြည် မှာ ပေါက်ဈေးရှိခဲ့ဖူးတဲ့ လပ်(ပ်)တော့ တစ်မျိုး ဖြစ် ပါတယ်။ ယခုတော့ ၁၄ သိန်း နဲ့ ၁၅ သိန်း ဝန်းကျင် ပေါက်ဈေး ရှိနေတဲ့ Laptop လို့ ဆိုပါတယ်။ ဈေးကြီးရတဲ့ အကြောင်းက ဒီလို ရှိပါတယ်။

Display            : 15.4 inch Glossy LCD (LED-lit) (1440x900 px)
OS                  : Mac OS X Snow Leopard

Processor         : 2.53 Intel Core i5 540M (dual core)
Memory           : 4 DDR3 GB

Storage           :    500 GB
GPU                :  nVidia GeForce GT 330M

Connectivity     : Bluetooth, Wi-Fi, USB 2.0- 2 ports, SD card reader
Optical Drive    : DVD RW

ဒီလောက်ဆို လက်တလော ထွက်ရှိနေတဲ့ Core i5 လပ်(ပ်)တော့များ၊ Notebook များနဲ့ ယှဉ်နိုင်မနိုင် အကဲခတ်ကြည့်နိုင်ပါတယ်။ ငွေကျပ် ၁၅ သိန်း ဝန်းကျင်ရှိပြီး Apple မှကြိုက်တယ်ဆိုရင် MacBook Pro 15'' ကို လေ့လာနိုင်ပါတယ်။ သို့တည်းမဟုတ် ငွေကျပ် ၉ သိန်းဝန်းကျင်ပဲ ရှိတယ် Macbook မှ Macbook သူမရရင် အခြားမဝယ်ဘူးဆိုရင် Used များ ဝယ်သုံးယုံပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ Used Laptop အမျိုးမျိုးရောင်းတဲ့ ဆိုင်များ ရှိပါတယ်။ သို့ပေမယ့် ရမရကတော့ မသေချာပါဘူး။ Apple ရဲ့  used ချည်းသီးသန့်ရောင်းတဲ့ ဆိုင်ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာကျပ် ၈သန်း၈သောင်းနဲ့ ၁၅ လက်မ Corei5 Probook တစ်လုံးရောင်း မယ်လို့ တွေ့လိုက်ပါတယ်။ http://ads.com.mm မှာ ဖြစ်ပြီး ၈၈၀၀၀၀ နဲ့ရောင်းမယ့် Macbook Pro ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှုလေ့ လာနိုင်ပါတယ်။

 http://ads.com.mm/for-sale/computer/laptops/13033.html#

0 comments: