၂၀၁၃ တွင်ထွက်ရှိမည့် Alfa Romeo 4C

 မီနီကားထုတ်လုပ်ရာမှာ အောင်မြင်လှတဲ့ အီတလီ အခြေဆိုက် Alfa Romeo မှ ဒီဇိုင်းလှ ခပ်ပေါ့ပေါ့ ပြိုင်ကား ဒီဇိုင်းသစ် မိတ်ဆက်ပြသခဲ့ပါတယ်။ သူ့ကို Alfa Romeo 4C လို့နာမည်ပေးထားပြီး ၂၀၁၃ မေလမှ စတင်ဖြန့်ချိ ရောင်းချ မှာ ဖြစ်ပါတယ်။


Alfa Romeo ထုတ် မီနီကား MiTo ထက်တောင် ပိုမိုပေါ့ပါး တဲ့ ပြိုင်ကား ဖြစ်ပါတယ်။ အင်ဂျင် ၁၈၀၀ စီစီ ဆလင်ဒါ ၄လုံး V အင်ဂျင်အမျိုးအစား ဖြစ်ပါတယ်။ မြင်းကောင်ရေ ၃၀၀ bhp အထိထုတ်လုပ်နိုင်ပြီး အမြင့်ဆုံး Speed တစ်နာရီ ၁၅၅ မိုင်အထိ မောင်းနှင်နိုင်မယ့် ပြိုင်ကားဖြစ်ပါတယ်။ အလေးချိန် ၈၅၀ ကီလိုဂရမ်အောက် သာရှိတဲ့ ပြိုင်ကား တစ်စီးဖြစ်အောင် ပေါ့ပါးပြီး အကြမ်းခံတဲ့ သတ္တုတွေကို အသုံးပြုပါတယ်။ တစ်စီးလုံးကို ကာဘွန် ဖိုက်ဘာနဲ့ သီးသန့် ဖန်တီးထားခြင်းမဟုတ်ပဲ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အလူမီနီယမ်အများစု ရောစပ် အသုံးပြုထားပါတယ်။ အရှေ့ဘက် ဖရိမ်ကိုတော့ အလူမီနီယမ်ဖုံး Crash point box နဲ့ ဆင်ထားတဲ့ အတွက် အက်ဆီးဒင့်မှာ အကြမ်းခံနိုင် မယ့် ပြိုင်ကား ဖြစ်ပါတယ်။

နှစ်ယောက်စီး တံခါးနှစ်ပေါက် ပြိုင်ကားဖြစ်ပြီး ရှေ့ ဘီးမောင်းနှင်မှု စနစ်နဲ့ လုပ်ဆောင်မယ့် ကားဖြစ်ပါတယ်။ တာဘိုအင်ဂျင်ဖြစ်လို့ ဆလင်ဒါ ၄ လုံးထဲအသုံးပြု တာတောင် တစ်နာရီ ၁၅၅ မိုင် နှုန်း အထိ မောင်းနှင်နိုင်ခြင်း ဖြစ်ပါတယ်။

ဂီယာ ၆ချက်ထိုး အယ်လ်ဖာထုတ် Dual Dry Clutch Transmission ကိုအသုံးပြုထားပါတယ်။  DNA dynamic control selector မှ အင်ဂျင်လုပ်ဆောင်ချက်၊ ဘရိတ်၊ စတီယာရင်၊ throttle respone, suspension, suspension, ဂီယာဘောက်စ် စတာတွေအားလုံးကို ထိန်းချုပ်ပေးမှာ ဖြစ်ပါတယ်။ နအရှည် ၁၇၅ လက်မခွဲ သာရှိပြီး ပေါ့ပေါ့နဲ့ မြန်မြန်ပြေးမယ့်ကားကို အမေရိကန်ဒေါ်လာ ၆၃၀၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ တစ်နှစ်ကို အစီးရေ ၂၅၀၀၀ ထုတ်လုပ်ရောင်းချ မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref:Alfa
http://www.colayonline.com.mm/automobile





0 comments: