Chinese Zodiac ရုပ်ရှင်က ဂျက်ကီချန်းအတွက် နောက်ဆုံး အကောင်းဆုံး ဖြစ်



Chinese Zodiac အမည်ရ တရုတ်အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီး ဟာ ဟောင်ကောင်မင်းသား ဂျက်ကီးချန်းအတွက် နောက်ဆုံးနဲ့ အကြီးဆုံး အက်ရှင်ကားကြီး ဖြစ်တယ်လို့ ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

ဆိုလိုရင်းက အနုပညာလောကက အနားယူသွားမှာမျိုးတော့ မဟုတ် ပါဘူး။ နောက်ထပ် ဒီလို အက်ရှင် ဇာတ်ကားတွေမှာ အဓိက အဖြစ် ပါဝင် သရုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ ထပ်မံ ဖြည့်စွက် ပြောဆို ခဲ့ပါတယ်။ " ကျွန်တော် ဒီဇာတ်ကား ရိုက်ဖို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက စိတ်ကူးယဉ်ခဲ့တာပါ။ ဒီအတွက် ဇာတ်ညွှန်းကိုလည်း ၆ နှစ်ကြာ အချိန်ယူပြီး ရေးရပါတယ်။ ဇာတ်ကားရိုက်တော့ တစ်နှစ်ခွဲ ကြာပါတယ်။ ကျွန်တော်ပါဝင်တဲ့ အက်ရှင် ကားတွေထဲမှာ ဒီတစ်ကားကတော့ အကောင်းဆုံးနဲ့ အကြီးကျယ်ဆုံး ဖြစ်မှာပါ။ ကျွန်တော်ကိုယ်တိုင် ဇာတ်ညွန်းရေးတယ်၊ ဒါရိုက်တာ လုပ်တယ်။ မင်းသား လုပ်တယ်။ ပရိုဂျူဆာ လုပ်တယ်။ အားလုံးနီးပါးပါပဲ။ ဒီထက် ပြည့်စုံတာ ဘာများ ရှိတော့လို့လဲ" လို့ ပြောဆိုခဲ့ပါတယ်။

"ကျွန်တော့အသက် ၅၈ နှစ်ရှိပြီလေ။ အမှန်အတိုင်းပြောရင် အိုနေပြီဗျ၊ ကျန်ရှိတဲ့ ဘဝသက်တမ်းကိုတော့ ဘီးတပ် ထိုင်ခုံမှာ မထိုင်ချင်ပါဘူး။ ဒါကြောင့် အက်ရှင် ဇာတ်ကား ရိုက်ကူးမှုက မရှိသလောက် ပါးသွားပါမယ်။ လုံးဝ ရပ်တပ်မယ်လို့ ကျွန်တော် မဆိုလိုပါဘူး။ တတ်နိုင်သေးတဲ့ အရွယ်အထိ အနုပညာလောကမှ ဆက်လက် ရှင်သန်နေအုံးမှာပါ" လို့လည်း ဖြေကြားခဲ့ပါတယ်။

ယင်းဖြေကြားမှုကို နိုဝင်ဘာလ ၁၉ ရက် ဘေကျင်းမြို့ က သူ့ရဲ့  ကား လေလံပွဲ တစ်ခုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လေလံပွဲဆိုတာကတော့ သူ့ရဲ့  ဈေးကြီး Bentley 666 ဇိမ်ခံ ဆလွန်းတစ်စီးကို လေလံ တင်ခြင်း ဖြစ်ပြီး တရုတ် ယွမ် ၆ သန်း ရရှိခဲ့ပါတယ်။ ပရဟိတ လုပ်ငန်းမှာ အလှူလုပ်ဖို့အတွက် ပြုလုပ်တဲ့ ပွဲ ဖြစ်ပြီး အလှူအတန်းအတွက် အသုံးပြု လိုက်ပါတယ်။

သူ့ရဲ့  ကျန်ရှိတဲ့ ဘဝသက်တမ်းကိုလည်း စိတ်ဓာတ်မြင့်တင်ရေး လုပ်ငန်းတွေမှာပဲ အားစိုက် သွားမယ်လို့ ဆိုပါတယ်။ ပရဟိတလုပ်ငန်း၊ ဘဝနေထိုင်ရေး စိတ်ဓာတ်မြင့်တင်ရန် အားပေး သည့် စံပြပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ဆက်လက် နေထိုင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း တရုတ်ပြည်မကြီးက ဂျက်ကီးချန်းကို လူမှုထူးချွန်ဆု ချီးမြင့်ထားပါ သေးတယ်။

သူ့ရဲ့  Chinese Zodiac ရုပ်ရှင်ကတော့ တရုတ် Opium စစ်ပွဲတွင်း ဆုံးရှုံးသွားတဲ့ ရှေးဟောင်း အမွေအနှစ်ကို ပြန်ရှာတဲ့ အက်ရှင်ကား ဖြစ်ပါတယ်။  ဗြိတိန် အင်ပါယာ၊ ပြင်သစ်၊ အမေရိကန်တို့ တရုတ်ကို ကျူးကျော်စဉ် ကာလက ယူသွားတဲ့  ရှေးဟောင်း အမွေအနှစ်ကို ပြန်လည် ရယူတဲ့ ကွန်ဖူးအက်ရှင်ကား ဖြစ် ပါတယ်။ တရုတ် Zodiac လို့ခေါ်တဲ့ နှစ်အလိုက် တရုတ်ရိုးရာ ပြက္ခဒိန် မှ တိရစ္ဆာန်ခေါင်း ၁၂ ခေါင်းကို ဗြိတိသျှတို့ သယ်ဆောင် သွားခြင်း ဖြစ်ပြီး ဂျက်ကီချန်းက ပြန်လည် အရယူတဲ့ အက်ရှင်ကား ဖြစ်ပါတယ်။

Chinese Zodiac အမည်ရ ရုပ်ရှင်ကို ၁၂.၁၂.၂၀၁၂ မှာ တရုတ်ပြည်တွင် ရုံတင်မှာ ဖြစ်ပြီး Trailer ကိုအောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.youtube.com/watch?v=wFLVI-7upus
--
Ref- Reutersပြေ

0 comments: