၅၀ ရာခိုင်နှုန်းသော အမျိုးသမီးတို့က အားလုံးထက် အရောင်စုံပိုမြင်



၅၀ ရာခိုင်နှုန်သော အမျိုးသမီးတို့ဟာ အမျိုးသားကော၊ အခြား အမျိုးသမီး များ ထက်ပါ အရောင်များ စုံလင်စွာ ပိုမြင်တယ်လို့ သိပ္ပံနည်းကျ လေ့ လာ တွေ့ရှိ ထားကြပါတယ်။

ဥပမာ - သာမန်အမျိုးသား တစ်ဦးဟာ အဖြူရောင်နဲ့ အစိမ်းရောင်ကြားမှာ အရောင် သုံးမျိုးလောက်ပဲ ထပ်ခွဲနိုင်ချိန် ယင်းအမျိုးသမီးကတော့ ၅ မျိုး ခွဲခြား ပြသနိုင်ပါတယ်။ တစ်ခါ တစ်လေဆို ယင်းထပ်တောင် အမျိုးအစား စုံလင်စွာ ခွဲခြားပြသ နိုင်ပါသေးတယ်။ အရောင်တို့ရဲ့ ရောစပ်မှု သဘော တရားကို ပိုမို သိရှိပြီး ပိုလည်း မြင်ရပါတယ်။ ပုံသေရယ်လို့ မဟုတ်ပဲ အမျိုးသား အချို့ လည်း ယင်းအမျိုးသမီးများနဲ့ ယှဉ်ဘောင်တန်းပြီး အရောင်စုံ မြင်နိုင်ပါတယ်။

 သို့ပေမယ့် စစ်တမ်းကောက် ပျှမ်းမျ တွက်ချက်မှု အရ ၅၀ ရာခိုင်နှုန်းသော အမျိုးသမီးများဟာ အခြား သာမန်လူများထက် အရောင်စုံ ပိုမြင်ရတယ်ဆိုတဲ့ တွေ့ရှိချက်တစ်ခု ရရှိလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
---
Ref:mazefact

0 comments: