ဆွစ်ဇာလန်မှ အမြင့်ဆုံး ကြိုးတန်းကား (Cable car)



ဆွစ်ဇာလန်နိုင်ငံ Zermatt ပြည်နယ်ရှိ Klein Matterhorn အမည်ရ ရေခဲတောင်ကို ကြိုးတန်း ကားနဲ့ ဆက်သွယ် ထားပါတယ်။

၂၇၀၇ မီတာ ရှည်လျားပြီး အမြင့်ကတော့ ၁၀၅၇ မီတာ ရှိပါတယ်။ ဆွစ်ဇာလန်ရဲ့  အမြင့်ဆုံး ကြိုးတန်း တာဝါတိုင်ပေါ်မှာ တပ်ဆင်ထားတဲ့ အမြင့်ဆုံ Cable car way ပဲ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် အများအပြား လည်း လာရောက်ပြီး ယင်း ကြိုး ကားကို စီးကြပါတယ်။ ယင်းအတွက် Cable ကားအမျိုးမျိုး ရှိကြပြီး ပုံမှာ မြင်တွေ့ရတဲ့ Cable ကားကတော့ ၂ ထပ် ကား ဖြစ်ပါတယ်။

ကြိုးတန်း တစ်လျှောက်စီးပြီး ဆွစ်ဇာလန်နိုင်ငံ ကို အထက်စီးကနေ ကြည့်ရှု နိုင်ပါတယ်။ မီတာ ၃၈၈၀ ကျော်တဲ့  Klein Matterhorn တောင်ကို ချိတ်ဆက်ထားတာ ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: wiki

0 comments: