ရုပ်ရှင်ထဲကလို အိမ်ကို ပူပေါင်းချိတ်ပျံသူ



Pixar ရဲ့  Up အမည်ရ ရုပ်ရှင်ထဲကလို အိမ်တစ်လုံးကို မိုးပျံပူးပေါင်းနဲ့ ချိတ်လို့  အမေရိကန် လူစွန့်စား Jonathan Trappe ကပြုလုပ်ခဲ့ ပါတယ်။ ပြုလုပ်တာကတော့ မက္ကဆီကိုနိုင်ငံ Leon မြို့ မှာ ဖြစ်ပါတယ်။


သူ့ရဲ့ ပြုလုပ်မှု အောင်မြင်ပြီး မြေပြင်အထက် ပေ ၂သောင်းအထိ တက်ခဲ့ ပါတယ်။ နာရီအတော်ကြာပြီးမှ မြေပြင်ပေါ် ပြန်လည် သက်ဆင်း ပါတယ်။ ဒါကြောင့် သူ့ရဲ့ နောက်ထပ် ဆုံးဖြတ်ချက်ကတော့ မိုးပျံအိမ်နဲ့ ကမ္ဘာ ပတ်ဖို့ ဖြစ်ပါတယ်။ လက်ရှိကတော့ မက္ကဆီကို ကနေ ပြင်သစ်ကို ပျံသန်းဖို့ အတွက် ပြင်ဆင်နေပါတယ်။ ပင်လယ်ဖြတ်ပြီး ပျံသန်းရမှာ ဖြစ်ပါတယ်။

လက်ရှိစမ်းသပ်မှုများ အောင်မြင်ပြီး Up ရုပ်ရှင်ထဲကလို တကယ် စွန့်စားတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ်ပေါင်း အမေရိကန်ဒေါ်လာ ၃ သိန်း ရှိပါတယ်။ Documentary ရုပ်ရှင်သဘော မျိုးလည်း ရိုက်ကူးပြီး တီဗီချယ်နယ်တွေမှာပါ တိုက်ရိုက် ထုတ်လွင့်မှာ မို့ ဖြစ်ပါတယ်။

ဟီလီယန် ပူးပေါင်း ၃၆၅ လုံးနဲ့ သူ့အိမ်သေးသေးလေးကို ချိတ်ဆွဲပြီး ပျံသန်း ခဲ့ပါတယ်။ Jonathan ရဲ့  စွန့်စားမှုကို လာရောက်အားပေးသူ သောင်းနဲ့ချီပြီး မက္ကဆီကိုမှာ ပျံသန်းမှု ဓာတ်ပုံများကို ဖော်ပြလိုက်ရ ပါတယ်။
---
Ref: mymodernmet








0 comments: