2012 Smartphone of the year ဆုရထားသော Samsung Galaxy S2



၂၀၁၂ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး စမတ်ဖုန်း ဆုကို Samsung Galaxy S2 ကရရှိထားခြင်း ဖြစ်ပါတယ်။ Mobile World Congress မှ အကဲခတ်ပြီး ပေးတဲ့ ဆု ဖြစ်ပါတယ်။ အဲ့တုန်းက Samsung Galaxy S3 ရော iPhone 5 ပါမထွက်သေးပါဘူး။ ဒါကြောင့် ယင်းဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့တိုင်လည်း ကမ္ဘာ့ရောင်း အားကောင်း ဖုန်း ၁၀ လုံး စာရင်းထဲမှာ ထိပ်တန်း ပါဝင်နေပါသေးတယ်။


Samsung Galaxy S စီးရီးရဲ့ အောင်မြင်မှု အစလည်း ဖြစ်ပါတယ်။ သူ့ခတ်သူ့ခါတော့ ကမ္ဘာ့အပါးဆုံးဖုန်းလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ဖြန့်ချိတာ ဖြစ်ပြီး ယနေ့ထိဆိုရင် အလုံးရေ သန်း ၃၀ ကျော်မက ရောင်းချခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်မှာလည်း ဈေးကြီးဖုန်းတစ်လုံး အနေနဲ့ တည်ရှိနေသေးပြီး ကာလတန်ဖိုးကတော့ ၃ သိန်းခွဲ ဝန်းကျင်ဖြစ်ပါတယ်။ ၃ သိန်း ၇ သောင်း ဝန်းကျင်နဲ့ ရောင်းနေတာတောင် ရှိပါတယ်။ Samsung Galaxy S3 ပေါ်သည့်တိုင် ရောင်းအား ရှိနေဆဲ ဖုန်းလည်း ဖြစ်ပါတယ်။


Dimensions  : 4.93 inx2.60 inx0.334 in(standard)
                    5.11 inx2.74 inx0.38 in (Sprint)

Weight        : 116 g (4.1 oz) (standard)
                   : 130 g (4.6 oz) (Sprint)
Operating system   :     Android 4.0

CPU               :1.2 GHz dual-core ARM Cortex-A9
                  1.5 GHz dual-core Qualcomm Scorpion

GPU               : ARM Mali-400 MP4
                   PowerVR SGX540
                  Qualcomm Adreno 220

Memory       : 1 GB RAM
Storage       : 16 GB or 32 GB flash memory

Removable storage     :microSD (up to 64 GB SDXC)
Battery                     : Li-ion 1,650 mAh

Display         :   4.3 in AMOLED with 480×800 pixels (218 ppi
                        4.5 in AMOLED with 480×800 pixels

Rear camera     : 8 MP Back-illuminated sensor with auto focus, 1080p 30 fps full HD video recording. Single LED flash.

Front camera     2 MP

Connectivity     : Wi-Fi (802.11a/b/g/n); Wi-Fi Direct; Bluetooth 3.0; micro USB 2.0; Near field communication (NFC); DLNA; MHL; HDMI; USB OTG Host 2.0; UMA; FM radio

Samsung Galaxy S2 ရဲ့  အဓိက အားသာချက်တစ်ခုက ဘက်ထရီကောင်း မွန်မှု ဖြစ်ပါတယ်။  1080p full HD ဗီဒီယိုအောင် record လုပ်နိုင်တဲ့အထိ သူ့ခေတ်သူ့ခါမှာ ကင်မရာအကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ယနေ့ထိလည်း သူ့ကင်မရာက Up do Date စမတ်ဖုန်း ကင်မရာများနဲ့ ယှဉ်လို့ ရနေဆဲ ဖြစ် ပါတယ်။ SuperAMOLED မျက်နှာပြင်ဆိုရင် ယနေ့ထုတ် စမတ်ဖုန်း တိုင်းတောင် မသုံးနိုင်သေးပါဘူး။ ဒါကြောင့် Samsung Galaxy S2 က ရောင်းအားကောင်းနေရခြင်း ဖြစ်ပါတယ်။ Samsung Galaxy S3 ရောင်းအားမြင့်တက်နေခြင်းနဲ့အတူ S2 ကိုလည်း အမာခံအသုံးပြုနေကြ ပါသေးတယ်။

Android 2.3 Gingerbread နဲ့ထွက်ရှိပေမယ့် 4.0 (ICS) ပေါ်တော့ Update များသွင်းပေးခဲ့ပါတယ်။ ယနေ့ဆိုရင် S2 တိုင်းကို Android 4.0 နဲ့မြင် ရမှာ ဖြစ်ပါတယ်။ Jelly Bean အထိလည်း ကိုယ်တိုင် Upgrade ပြု လုပ်နိုင်ပြီ ဖြစ်ပါတယ်။ Samsung Galaxy S2 ကို မြန်မာပြည်တွင်းရှိ ဆိုင် များမှာ ၃သိန်းခွဲကျော်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ သို့ပေမယ့် အဲ့ဒီလောက် မတတ်နိုင်ဘူး ဆိုရင်လည်း Used ဝယ်သုံးရုံပဲ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ ၂၃၀၀၀၀ (၂သန်း၃သောင်း ) နဲ့ Samsung Galaxy S2 ကို အောက်ပါ လခ့်မှာ ဝင်ရောက်လေ့လာ ဝယ်ယူနိုင်ပါတယ်။

http://www.ads.com.mm/my/for-sale/mobile-phone/samsung/sii-used-16524.html#

0 comments: