အစာငတ်၍ သေရသူများ



ကမ္ဘာပေါ်တွင် အစာငတ်၍ တစ်ရက်ကို ပျမ်းမျှ လူဦးရေ ၂၅၀၀၀ (၂သောင်းခွဲ) သေဆုံးနေရသည်။

ယင်းအရေအတွက်မှာ အေအိုင်ဒီအက်စ်၊ ဝမ်းပျက်ဝမ်းလျော၊ ငှက်ဖျား အစရှိ သဖြင့် ရောဂါ များကြောင့် သေရသည့် အရေအတွက်ထက် များစွာ များပြား သည်။ သေဆုံးမှု အများဆုံး ဒေသမှာ အာဖရိကတိုက်ဖြစ်ပြီး အာရှက ဒုတိယ လိုက်သည်။


အီသီယိုပီးယား၊ ဆိုမာလီ အစရှိသဖြင့် ပြည်တွင်း စစ်ကြောင့် မီးတောက်နေသော နိုင်ငံများတွင် အစာရေစား ရှားပါးခြင်း ကြောင့် ရော ဂါပေါင်းစုံ ဖြစ်ပေါ်လျက် ရှိသည်။ အာရှတွင် အာဂန် နစ္စတန် ကဲ့သို့ စစ်မြေပြင် ဖြစ်နေသည့် နိုင်ငံများက ပထမလိုက်နေပြီး ဆင်းရဲ သည့် နိုင်ငံ များတွင် အစာရှားပါးမှု၊ ရေရှားပါးမှုတို့ကြောင့် ကူးဆက် ရောဂါများ အလွယ် တကူ ပျံ့ နှံ့ သည်။

ပြည်သူများ အစာငတ်နေချိန် လက်နက်စွဲ စစ်တိုက်နေကြသော အာဖရိကမှ သူပုန်နှင့် အစိုးရများကို သတိပေး တားမြစ်သည့် အနေဖြင့် အစာငတ် နေ သည့် ကလေးငယ်များ၊ ဒုက္ခသည်များ ပုံကို မီဒီယာ သမားတို့ အမျိုးမျိုး ရိုက်ကူး ထုတ်ဖော်ပြသခဲ့သည်။ ကမ္ဘာက အာရုံစိုက်လာရန် နည်း အမျိုး မျိုး ဖြင့်ကြိုးပမ်းဖြင့် အလှူရှင်တိုးပွားလျက် ကြိုးပမ်း လျက်ရှိသည်။

သို့သည့်တိုင် တစ်ရက်လျှင် အစာငတ်၍ သေဆုံးနှုန်းမှာ (ကောက် ယူနိုင်သော စစ်တမ်းအရ) တစ်ရက် (၂၄ နာရီ) ကို လူဦးရေ ၂သောင်းခွဲ ရှိကြောင်း (အများစုမှာ ကလေးငယ်များဖြစ်ကြောင်း) တွေ့ရှိခဲ့သည်။ 
---
Ref: ABS

0 comments: