အရှေ့ တောင်အာရှလည်း ကျားအပြုန်းတီးဆုံး ဒေသ ဖြစ်



အာဖရိကတိုက်တွေမှာပဲ ကျားအပြုန်းတီးနေတာ မဟုတ်တော့ပဲ အရှေ့ တောင် အာရှနိုင်ငံများလည်း ကမ္ဘာ့ကျားအပြုန်းတီးဆုံး နိုင်ငံများ စာရင်းထဲမှာ ပါဝင်ပါတယ်။


လက်ရှိ ၂၀၁၂ မှာ အဆိုးရွားဆုံး ရှိနေတဲ့ နိုင်ငံကို အိန္ဒိယလို့ ဆိုပါတယ်။ သူကတော့ တောင်အာရှ နိုင်ငံ တစ်ခု ဖြစ်ပါတယ်။  ဟိမ၀န္တာ တောနေကျားများကို သတ်ဖြတ်ပြီး တရုတ်နိုင်ငံကို အဓိက ထား ပို့ဆောင်လျက် ရှိပါတယ်။ တရုတ်ပြည်မှာ ကျား အသား၊အရိုး၊ ခြင်ဆီတို့ နဲ့ ဆေးဝါးအမျိုးမျိုး ပြုလုပ်ရာ ရှားပါး တောရိုင်း တိရစ္ဆာန်အမျိုးမျိုးလိုအပ် ပါတယ်။ ဈေးကောင်းပေးဝယ်တဲ့အတွက် အရှေ့  တောင် အာရှတွင်းရှိ ဆင်းရဲသော နိုင်ငံများက မှောင်ခိုလမ်းနဲ့ ပို့ဆောင် ရောင်းချ လျက် ရှိပါတယ်။

ပုံမှာ မြင်တွေ့ရတာကတော့ အိန္ဒိယနိုင်ငံတွင်းမှ ကျားများ သတ်ဖြတ်ထား မှု ဖြစ်ပါတယ်။ ၁၉ ရာစုက မဟုတ်ပဲ ယခု ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပါ တယ်။ အမဲလိုက်မုဆိုးတို့ ပစ်သတ်ပြီး အပိုင်းပိုင်းခုတ်ဖြတ် ရောင်းချပါတယ်။ ကျန်ရှိတဲ့ အစိတ်အပိုင်းများ ကိုသာ မြင်တွေ့ရတော့ ခြင်း ဖြစ်ပါတယ်။ ပညာတတ် အိန္ဒိယ ပြည်သ ဆန့်ကျင်ကြပြီး အစိုးရအနေနဲ့လည်း ကာကွယ်တားဆီးမှု များ ပြုလုပ်ပေးလျက် ရှိပါတယ်။

 သို့ပေမယ့် ဥပဒေ စိုးမိုးမှု အားနည်းတဲ့ အတွက်ကြောင့် ကျားများ မျိုးသုန်း လာသည့် အရေအတွက် သိသိသာသာ လျော့ကျသွားခြင်း မရှိပဲ နှစ်စဉ် တိုးလို့လာနေကြောင်း သိရပါတယ်။
--
Ref: Indiagraph

0 comments: