၂၀၁၃ တွင် ထွက်ရှိမည့် Iron Man 3



"Does the man make the suit or does the suit make the man?

လူက Iron man ကိုလုပ်တာလား၊ Iron man ကလူကို လုပ်တာလား ဆိုတာကို Tony Stark အဖြေရှာရတော့မယ့် အချိန် ဖြစ်ပါတယ်။ ဘာလို့လဲ ဆို သူ့ရဲ့   Iron Man စက်ရုပ်ဝတ်ဆုံအားလုံး အဖျက်ဆီးခံလိုက် ရပြီမို့ ဖြစ် ပါတယ်။


ဗီလိန်ကြီး ldrich Killian ဖန်တီးတဲ့ Extremis ဗိုင်းရက်စ်က ကြောက် စရာ ကောင်း ပါတယ်။ စူပါပါဝါ ပိုင်ဆိုင်တဲ့ လူသားများ ဖန်တီးပြီး ကမ္ဘာကို ဖျက်ဆီးရလောက်အောင် ရည်မှန်းချက် ကြီးသူ ဖြစ်ပါတယ်။ အဓိက ပိတ်ဆို့နေတဲ့ တိုနီဟာ ဝတ်ဆုံကြောင့် စွမ်းအား ထက်နေသူလို့ ယုံကြည် ပါတယ်။ ဒါကြောင့် တောင်အစွန်းမှာ တည်ဆောက် ထားတဲ့ တိုနီရဲ့  အိမ်ကို ဖျက်ဆီးခြင်းဟာ ကမ္ဘာကို သိမ်းဖို့ ပထမဆုံး ခြေလှမ်းလို့ Idrich အပြည့်အဝ ယုံကြည်သွားပါတယ်။

လူက စက်ရုပ်ကို လုပ်တာလား၊ စက်ရုပ်က လူကို လုပ်တာလား ဆိုတဲ့ မေးခွန်းကို တိုနီ ကောင်းကောင်းဖြေနိုင်ခဲ့ပါပြီ။ ဦးနှောက် မှတ်ဥာဏ်ကို အသုံးပြုပြီး အချိန်တိုတွင်း Iron Man ကောင်းကောင်း တစ်ကောင် ဖြစ်လာဖို့ သူ အကောင်းဆုံး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါဟာ စစ်ပွဲ အစပဲ ဖြစ်ပါတယ်။ အင်အား အကြီးဆုံး အနေအထားသို့ ရောက်ရှိ လာပြီ ဖြစ်တဲ့ Killian ရဲ့  စူပါလူသား တပ်တစ်ခုလုံးကို ဖြိုခွင်းဖို့ Iron Man တစ်ယောက် ဘယ်လို တိုက်ခိုက် တယ်ဆိုတာ ၂၀၁၃ မေလမှာ မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်ကျခံလို့ အချိန်ကြာရိုက်ကူး ထားတဲ့ တတိယမြောက် Iron Man ရုပ်ရှင် ဖြစ်ပါတယ်။ Robert Downey, Jr. က ယနေ့တိုင် Iron Man နေရာ ကန်ထရိုက်ဆွဲထားဆဲ ဖြစ်ပါတယ်။ ဥာဏ်ကောင်းတဲ့ အင်ဂျင်နေယာ လူစွမ်းကောင်းနေရာမှာ Robert နဲ့ အလိုက်ဖက်ဆုံးပဲ လို့တောင် ဒါရိုက်တာ Shane Black က ချီးကျူး ထားပါတယ်။ အင်္ဂလန်ဖွား သြစတေးလျမင်းသား Guy Pearce ကလည်း ဗီလန်အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

Marvel Studios နဲ့ DMG Entertainment စတူဒီယို နှစ်ခု ပေါင်းထား ပါတယ်။ ပါရာမောက် မဟုတ်တော့ပဲ Walt Disney Pictures က ဖြန့်ချိပေး မှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်ကျခံထားတဲ့ Iron Man 3 ကို ၂၀၁၃ ဧပြီ၂၆ UK မှာ ရုံတင်မှာ ဖြစ်ပါတယ်။ မေလ ၃ ရက်နေ့ ကျတော့ အမေရိကန်မှာ ရုံတင်ပြီး ကမ္ဘာ့အနှံ့ ဆက်လက် ရုံတင်ပြသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင် အမြည်း ကြည့်ရှုရန် - http://youtu.be/aV8H7kszXqo
-
http://house.com.mm/

0 comments: