ပြည်တွင်းရေပန်းစား Mazda RX-8 ပြိုင်ကားများ

 မြန်မာပြည်လမ်းတွေမှာ တော်တော်အတွေ့များနေပြီ ဖြစ်တဲ့ ပြိုင်ကား ဖြစ်ပါတယ်။ အဓိက လူကြိုက်များတဲ့ အကြောင်း အရင်းကတော့ ဈေးသက်သာခြင်း ဖြစ်ပါတယ်။ Nissan Fairlady ပြိုင်ကား မစီးနိုင်တဲ့သူတွေအနေနဲ့ RX-8 ဘက်ကို လှည့်ကြပါတယ်။ အချို့ ကျတော့ RX-8 ကြိုက်လို့ကို ဝယ် စီးကြခြင်း ဖြစ်ပါတယ်။ ၂၀၀၃ ကနေစလို့ ၂၀၁၂ မော်ဒယ် အထိသာ ထုတ်လုပ်တဲ့ကား ဖြစ်ပါတယ်။


ဆက်မထုတ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ သူအသုံးပြုတဲ့ Rotary အင်ဂျင်ကြောင့် ဖြစ်ပါတယ်။ အရွယ်အစားသေးပေမယ့် ပါဝါခပ်များများ ထုတ်လုပ်နိုင်ပြီး အိတ်ဇောစနစ်ကို တော်တော်အလုပ်များစေတဲ့ အမျိုး အစား ဖြစ်ပါတယ်။ သာမန်မြင်နေကျ ခွပုံသဏ္ဍန် V shaped အင်ဂျင်မဟုတ်၊ In Line အင်ဂျင် မဟုတ်ပါဘူး။ စက်ဝိုင်းပုံ သဏ္ဍန်ဖြစ်ပြီး ပြင်ဖို့က နည်းနည်း ခက်ပါတယ်။ သို့ပေမယ့် အားထုတ်လုပ်မှုကျတော့ အတော်လေး ပြင်းပါတယ်။

 ၁၃၀၀ စီစီ အင်ဂျင် ဖြစ်တာတောင် တာဘိုချာဂျာ မပေါင်းပဲ မြင်းကောင်ရေအား ၂၀၀ ကျော် ထုတ်လုပ်နိုင်တဲ့ အင်ဂျင်ဖြစ်ပါတယ်။ ဒါကြောင့် အားလုံး ၁၃၀၀ စီစီ ဗားရှင်း တစ်ခုတည်း ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ၁၃၀၀ စီစီက မြန်မာနဲ့ အံကိုက်ဖြစ်တဲ့အတွက် ဝယ်စီးကြပါတယ်။ လက်ရှိ မြန်မာပြည်မှာ ပေါက်ဈေး သိန်း ၂၀၀ အောက်ရှိ တဲ့ ပြိုင်ကား ဖြစ်ပါတယ်။

၁၃၀၀ စီစီ Wankel အင်ဂျင်လို့ခေါ်ပြီး RX-8 သုံးမျိုးခွဲထုတ် ပါတယ်။ ရိုးရိုး Wankel အင်ဂျင်နဲ့ ဂီယာ ၅ ချက် ရိုးရိုးက မြင်းကောင်ရေအား ၁၉၀ ကျော်ထုတ်ပြီး ပါဝါအသင့်တင့် RX-8 ဖြစ်ပါတယ်။ နောက်တစ်မျိုးက ဂီယာ ၆ချက် လက်ထိုး - တာဘိုချာဂျာ ထပ်ပေါင်းပေးပြီး မြင်းကောင်ရေအား ၂၄၇ ကျော် အမျိုးအစား ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ဂီယာ ၆ ချက် အော်တို၊ လက်ထိုး အပြောင်းအလဲလုပ်နိုင် တဲ့ မြင်းကောင်ရေ ၂၁၂ ထုတ် အမျိုးအစား ဖြစ်ပါတယ်။

Mazda RX8 မှာ အမြန်ဆုံး မောင်းနှင်နိုင်မှုက တစ်နာရီ ၁၈၆ မိုင်အထိတောင် ရှိပါတယ်။ ဒါက Sport ဗားရှင်း ဖြစ်ပါတယ်။ အများစုကတော့ တစ်နာရီ မိုင် ၁၆၀ ဝန်းကျင်တွေ ဖြစ်ပါတယ်။ တံခါးနှစ်ပေါက် အမျိုးအစား တင်မက လေးပေါက် အမျိုးစားထောင် တွဲလို့ ထုတ်လုပ် ပါသေးတယ်။ တံခါး လေးပေါကကတော့ sucide door လို့ခေါ်တဲ့ ပြတင်းပေါက် တံခါးဖွင့်ရသလို ရှေ့ နောက် ဆန့်ကျင်ဘက် ပုံစံနဲ့ စတိုင်ကျကျ ဖြစ်ပါတယ်။  Mazda RX-8  ရဲ့  ထူးခြားချက် တစ်ခုက ပေါ့ခြင်း ဖြစ် ပါတယ်။ ပေါ့ဆို ကာဘွန်ဖိုက်ဘာ၊ အလူမီနီယမ်၊ စတီး၊ ပလပ်စတစ် အစရှိတာတွေကို အချိုးကျကျ အသုံးပြုထား လို့ ဖြစ်ပါတယ်။ နောက်ဘီးမောင်း စနစ်သုံး ပြိုင်ကား ဖြစ် ပါတယ်။

CD player, ဘေးဘယ်ညာ လေအိတ်၊ အဲယားကွန်း၊ ရေ ဒီယို၊ စပီကာ ပစ္စည်းစုံစုံလင်လင် ပါရှိပါတယ်။ ဒါတွေက မပါလည်း မြန်မာပြည်မှာတင် ဈေးသက်သက်သာသာနဲ့ ထည့်လို့ရနေပြီ ဖြစ်ပါတယ်။

ပုံစံကိုကြည့်လိုက်ရင် လှပါတယ်။ ၂၀၀၀ ခုနှစ်ကျော်တွေ ကတည်းက အနာဂတ်ကား ခေါင်းစဉ်အောက် က တောက်လျှောက်ကြော်ငြာလာတဲ့ကား ဖြစ်ပါတယ်။ ဥရောပ၊ အမေရိက အဓိကထားရောင်းချပြီး ရောင်းအား ပုံမှန် ရှိခဲ့တဲ့ကား ဖြစ်ပါတယ်။

ယခုတော့ မြန်မာပြည်လည်း ရောက်နေပါပြီ။ လေလံတွေက တစ်ဆင့်ဝင်တဲ့ကား ဖြစ်ပါတယ်။ ဈေးကလည်း အစားစား ရှိပါတယ်။ ၂၀၁၁ မော်ဒယ်ဆိုရင် မြန်မာကျပ်ငွေ သိန်း ၄၀၀ အထိ ပေါက်ဈေးရှိတဲ့ ကားကောင်းကားသန့်လည်း ရှိပါတယ်။ ၂၀၀၆ မော်ဒယ်လောက်ဆိုရင်တော့ သိန်း ၂၀၀ ဝန်းကျင် ဖြစ်ပါတယ်။ သိန်း ၁၆၀ ပေါက်ဈေးရှိတဲ့ ၂၀၀၆ မော်ဒယ် Mazda RX-8 ကို www.motors.com.mm မှာ တွေ့လိုက်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ယူလို သူများ အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

http://www.motors.com.mm/car/detail/40939;jsessionid=E19BCB4DB1880B046672E72201ADD138?lang=my
https://www.facebook.com/motors.com.mm








0 comments: