အမျိုးသမီးအသံ အသုံးပြုမှုကြောင့် BMW တို့ ကားပြန်သိမ်းခဲ့ရ



၁၉၉၀ ကျော်ဝန်းကျင်က ဂျာမနီမှာ BMW တို့ တကယ် ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပါတယ်။

ကား မြေပုံလမ်းပြစနစ် စတင်ပေါ်ပေါက်တဲ့နိုင်ငံက ဂျာမနီမှာ ဖြစ်ပါတယ်။ ယင်း မြေပုံစနစ်ကို ဂျာမနီမှာ ၁၉၇၀ ကျော်ကတည်း က မော်တော်ယာဉ် ကုမ္မဏီကြီးတွေမှာ အသုံးပြုနေပြီ ဖြစ်ပါတယ်။

ယင်းကုမ္မဏီတွေထဲမှာ BMW ကုမ္မဏီလည်း ပါဝင်ပါတယ်။ ၁၉၈၀ နောင်းပိုင်းမှ ဂျပန်က Honda တို့ စသုံးတာ ဖြစ်ပါတယ်။ ဂျာမနီမှာ GPS ဆားဗစ်အမျိုးမျိုးပေးတဲ့ ကုမ္မဏီများ ပေါ်ပေါက်ခဲ့ပြီး ၁၉၉၀ နောင်းပိုင်းမှာ နည်းပညာသစ်နဲ့ BMW ကားအချို့ မှာ GPS တစ်မျိုး တပ်ဆင်ခဲ့ပါတယ်။ ယင်း တပ်ဆင်ထားတဲ့ ကားပေါင်း ထောင်ချီကို ဂျာမနီနဲ့ အခြား အရှေ့ ဥရောပ နိုင်ငံများသို့ ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။

သို့ပေမယ့် ယင်း GPS ကို ပြန်လည် ခေါ် ယူပြောင်းလဲတပ်ဆင်ပေး ခဲ့ရပါ တယ်။ ကားမောင်းနှင်ရာ လမ်းပြပေးမယ့် စနစ်ထဲမှာ အမျိုးသမီးတစ်ဦးရဲ့  အသံကို ထည့်သွင်းထားတဲ့အတွက် ဖြစ်ပါတယ်။ ဥရောပ ဒရိုင်ဘာများဟာ အမျိုးသမီးများရဲ့  စေခိုင်းသံကို ကြားရတာ မနှစ်သက်လို့ ယင်း GPS များကို ပြန်လည် သိမ်းဆည်းရတယ်လို့ ယနေ့တိုင် ဟာသတစ်ခုအနေနဲ့ အမည်တွင်ခဲ့ပါတယ်။
--
Ref:autoblog

0 comments: