မိဘကျေးဇူးဆပ်တဲ့ ဂဏန်းစတိုင် PSY

Youtube မှာတင်လိုက်တဲ့ တောင်ကိုရီးယား ပေါ့ပ်အဆိုတော့ PSY ရဲ့ Gangnam Style ရုပ်သံဗီဒီယိုဟာ ကမ္ဘာကျော်သွားပြီး Apple iTune စတိုးမှာလည်း နံပါတ် ၁ Download စံချိန်တင်ခဲ့ပါတယ်။ ကမ္ဘာလှည့်ပြီးတောင် PSY မှ ဖျော်ဖြေပေးနေရပါတယ်။

သူ့ရဲ့ အောင်မြင်မှုက ဖခင်ကိုလည်း သက်ရောက်မှု ရှိပါတယ်။ PSY ရဲ့ ဖခင် Park Won-ho ဟာ တောင်ကိုရီးယား အီလကထရောနစ် ပစ္စည်း (စီမီးကွန်းဒတ်တာ) D I ကော်ပိုရေးရှင်းရဲ့ အကြီးမားဆုံး ရှယ်ယာပိုင်ရှင် ဖြစ်ပါတယ်။ PSY ရဲ့ အောင်မြင်မှုကြောင့် ဖခင်ရဲ့ ရှယ်ယာဈေးလည်း မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် PSY ရဲ့  Gangnam Style ဟာ မိဘကိုလည်း ကျေးဇူးဆပ်နိုင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ ချီးကျူးနေကြပါတယ်။
--
Ref:news.cn









0 comments: