တိုယိုတာ မဟုတ်သော Nissan ထုတ် ကားကောင်း Murano

မြန်မာပြည်မှာ တိုယိုတာ အကြိုက်များကြပါတယ်။ ဥပမာ- ကား အမျိုးအစားချင်းတူရင်တောင် တိုယိုတာဆိုတဲ့ တံဆိပ်ကြောင့် နစ်ဆန်းထက် သာသွားတယ်လို့တောင် ကားပိုင်ရှင်အချို့ ပြောဆိုကြပါတယ်။ ဒီတော့ တိုယိုတာ လင်ခရုဆာ၊ ပရာဒို၊ ဆိုက်ကနက် စီးသူများအနေနဲ့ Nissan ထုတ် SUV ကားများကို အထင်သေးချင်သလို ဖြစ် သွားပါတယ်။


ဒါကြောင့် တိုယိုတာ ဈေးနှုန်းတွေလည်း တစ်ဆထက်တစ်ဆ မြင့်တက်လာရပါတယ်။ တိုယိုတာ ပရိုဘောက်စ်လေးတောင် သိန်း ဆယ်ဂဏန်းကနေ ရာဂဏန်းရောက်သွားရပါတယ်။ လင်ခရူဇာ၊ ပရာဒို၊ ဟာရီယာ အစရှိသဖြင့် ဈေးမြင့်နေကြပါတယ်။ ဒီတော့ အများ အာရုံစိုက်မှု နည်းတဲ့ ကားဘက်ကိုမျက်နှာ လွဲလိုက်ရင် ကားကောင်းလည်းရ ဈေးလည်း သက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် SUV ခပ်ကောင်းကောင်း Nissan ထုတ် Murano ကိုမိတ်ဆက်ပေးလိုက်ရပါတယ်။

ဂျပန်ကား ဖြစ်ပေမယ့် အမေရိကန်ဒီဇိုင်နာဖန်တီးပြီး ၂၀၀၃ ခုနှစ်တုန်းက Car of the Year ဆုရခဲ့တဲ့ ဂျပန် SUV ဖြစ်ပါတယ်။ Crash Test မှာလည်း ကြယ်လေးပွင့် အဆင့်ထိ ရရှိခဲ့အတွက် Murano (မူရန်နို) ကို ဥရောပနဲ့ အမေရိကမှာ လူကြိုက်များပါတယ်။ ဂျပန်လေလံမှာလည်း အစီးရေ ရာဂဏန်း အမြဲရှိနေ တတ်တဲ့အတွက် လည်း မြန်မာပြည်ကအချို့ ဝယ်စီးတာတွေ့ရပါတယ်။ သို့ပေမယ့် တိုယိုတာ၊ မစ်ဆူဘီရှီ SUV ကားကြီးများနဲ့ စာရင် သူ့အတွက်နေရာက နည်းနေပါသေးတယ်။

ဈေးနှုန်းကလည်း သက်သာပါတယ်။ ၂၀၀၆ မော်ဒယ်တောင် အလတ်စား အရည်အသွေး Murano က ယန်း ၃သိန်း အကျော်ပဲရှိပါတယ်။ ယန်း ၉သောင်းဆို ရင်တော်တော်လေး ကောင်းနေပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်လိုက်ရင် သိန်း ၂၀၀ သာသာလောက်ပဲ ရှိတဲ့ SUV  ဖြစ်ပါတယ်။ ဆီစားမှနှုန်းကိုကြည့်လိုက်မယ် ဆိုရင် လည်း မြို့ တွင်း တစ်ဂါလံ ၁၈မိုင်၊ ဟိုင်းဝေး ၂၃ မိုင်ဆိုတော့ သာမနပဲ ဖြစ်ပါတယ်။ ဒီတော့ ဟာရီယာ မစီးချင်သူတွေ Murano ဘက်ကို ခေါင်းလွဲသင့်ပါတယ်။

အင်ဂျင်ပါဝါ ၃၅၀၀ စီစီ V အင်ဂျင် ပစ်စတင် ခြောက်လုံးပူး အမျိုးအစားကိုအသုံးပြုပြီး မြင်းကောင်ရေအား ၂၄၅ bhp ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါကို အယ်လ်တီမာ၊ မက်စီမာ၊ နစ်ဆန်း 350Z စတဲ့ နစ်ဆန်းလူကြိုက်များ ကားတွေမှာ လည်း ယနေ့တိုင် အသုံးပြုနေဆဲ ဖြစ်ပါ တယ်။ ရှေ့ ဘီး မောင်း၊ လေးဘီးမောင်း နှစ်မျိုးထုတ်ပါတယ်။ နှစ်မျိုးလုံးမှာ ဆီစားနှန်ုးက တူတူပဲ လို့ ဆိုပါတယ်။

၂၀၀၄ မှ ၂၀၀၇ ထိကို ပထမမျိုးဆက်၊ ၂၀၀၇မှ အထက်ကို ဒုတိယမျိုးဆက်လို့ သတ်မှတ်ထုတ်လုပ်ပါတယ်။ ၂၀၀၇ အထက် Murano များကို ယန်း သိန်း ၂၀ကျော်နဲ့ တွေ့ရ ပါတယ်။ ဒါကြောင့် ၂၀၁၀ မော်ဒယ်သို့မဟုတ် မော် ဒယ်ခပ်မြင့်မြင့်စီးချင်ရင် ကားမူရင်းဈေး မြန်မာကျပ် သိန်း ၂၅၀ အပြင် အခွန်ခပါထပ်ပေါင်းပေးရပါမယ်။ ဒီတော့ အနည်းဆုံး သိန်း ၇၀၀-၈၀၀ ဝန်းကျင်လောက် ရင်းရင် မော် ဒယ်မြင့်စီးနိုင်ပါတယ်။ သိန်း ၁၅၀၀ အထက် သာ ရင်းနိုင်မယ် ဆိုရင် ဂျပန် အမေရိကန်မှာ အေးဂျင့်မှ တစ်ဆင့် ပရီမီယံ ဗားရှင်းတွေ ဝယ်စီးနိုင်ပါတယ်။

SUV ကားကြီးဖြစ်တဲ့အတွက် Top Speed သိပ်မများပါဘူး။ တစ်နာရီ မိုင် ၁၁၀ အောက်မှာပဲ ရှိပါတယ်။ သူက ခရီးကြမ်း သွားဖို့အတွက်ကော၊ မြို့ တွင်း စီးဖို့အတွက်ကော ရည်ရွယ် ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘက်ကင်မရာ၊ ပါဝါဝင်းဒိုး၊ တံခါးပေါက်၊ စမတ်ကီး၊ အဲယားကွန်း၊ LCD တီဗီ၊ ရေဒီယို၊ GPS၊ LED မီးလုံး၊ စတာတွေ ပါဝင်ပါတယ်။ အမေရိကန် တိုးတဲ့ကား ဖြစ်တဲ့အတွက် Safety ပိုင်း အပြည့် အဝပြင်ဆင်ပေးထားပါ တယ်။ လေအိတ်စနစ်၊ CVT ဂီယာ၊ VDC, ABS, အီလက်ထရောနစ် ဘရိတ်ဖြန့်စနစ် အစရှိသဖြင့် တို့ ပါဝင်ပါတယ်။

အရှည် ၁၈၇.၆လက်မ၊ အကျယ် ၇၄ လက်မ၊ အမြင့် ၆၆.၅ လက်မ အတိုင်းကိုယ်စီရှိတဲ့ တံခါးလေးပေါက် SUV ကား ဖြစ်ပါတယ်။

အောက်ပါလခ့်မှာ Nissan Murano မော်ဒယ်မျိုးစုံ Used ကားများကို ဝင်ရောက်ရှာဖွေနိုင်ပါတယ်။
---
http://www.colayonline.com.mm/automobile/portal.html#auction


















0 comments: