ရေမွေးပုလင်းဝတ်ဆုံ ဒီဇိုင်းနှင့် လေဒီဂါဂါ

 စက်တင်ဘာ ၁၄။ ။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ရှိ Macy's Herald ရင်ပြင်သို့ ရောက်ရှိလာသော လေဒီဂါဂါကို ယခုကဲ့သို့ တွေ့မြင်ရသည်။

 လေဒီဂါဂါ ကိုယ်တိုင်ဖန်တီးထားသော "Fame" Eau de Parfum ရေမွေး (Lady Gaga Fame)ကို နယူးယောက်မြို့ ရှိ Macy စ တိုးဆိုင်တွင် ရောင်းချခြင်း ဖြစ်ရာ ပရိုမိုးရှင်းပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်။  ပရိုမိုးရှင်းပွဲသို့ တက်ရောက်လာသော အဆိုတော် လေဒီဂါဂါ သည် ရေမွေးပုလင်းပုံသံဏ္ဍန် ဝတ်ဆုံ ဝန်ဆင်ကာ တက်ရောက်လာခြင်း ဖြစ်သည်။

မျက်နှာကို ကြေးဝါမျက်နှာ ဖုံးတပ်ဆင်ထားသည်။ သူမ၏ ထူးခြားသော ဖက်ရှင် စတိုင်ကြောင့် ရေမွေး အရောင်းမြင့်တင်ပွဲ၊ ဖွင့်ပွဲသို့ တက်ရောက်သူ များစွာက လေဒီဂါဂါလာရောက် အာရုံစိုက် ကြည့်ရှုခဲ့ကြောင်း သိရသည်။ -- Ref:news.cn











0 comments: