ဂိုလမ်ကုန်းမြင့်ဒေသတွင် အစ္စရေးတို့ စစ်ရေးလေ့ကျင့်

စက်တင်ဘာ ၁၃။    ။ အစ္စရေးတပ်မတော်မှ Golan Heights ကုန်းမြင့်ဒေသတွင် စစ်ရေးလေ့ကျင့်နေမှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။ Golan Heights ကုန်းမြင့်ဒေသသည် ယခင်က ဆီးရီးယားပိုင်ဖြစ်ပြီး ၁၉၆၇ ဇွန်လတွင် စစ်ပွဲ ဖြစ်ပွားပြီး အစ္စရေးတို့ သိမ်းပိုက်ရရှိခဲ့သည်။

ယင်းနောက်ပိုင်း နယ်မြေပိုင်နက် ပြဿနာ အမြဲဖြစ်ပွားပြီး ၂၀၀၆ ခုနှစ် ဇူလိုင်လလယ်မှ သြဂုတ်လလယ်ထိ လက်ဘနွန်ဖြင့် စစ်ဖြစ်ရာတွင်လည်း အစ္စရေးတို့ ဆက်လက် ပိုင်ဆိုင်ရရှိထားသော နယ်မြေဖြစ်သည်။ ယင်း ကုန်းမြင့်ဒေသသည် နယ်မြေပိုင်နက် ကိစ္စ အမြဲ ပဋိပက္ခဖြစ်ပြီး ဆီးရီးယား၊ လက်ဘနွန်မှ တစ်ဖက် အစ္စရေးမှ တစ်ဖက် အပြန်အလှန် အားပြိုင်လျက်ရှိသည်။

ယင်းကဲ့သို့သော အခြေအနေတွင် နယ်မြေပိုင်နက် ကျူးကျော်မှုရန်ကို ကာကွယ်ရန် Golan Heights ဒေသတွင် အစ္စရေးတို့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်လေ့ရှိပြီး ယခုနှစ်အတွင် အသေးစား စစ်ရေးလေ့ကျင့်မှုကို ယခုကဲ့သို့ တွေ့မြင်ရသည်။
---
Ref:news.cn





0 comments: