မြန်မာပြည်အရောက်နည်းသော အီတလီ ပြိုင်ကား Alfa Romeo Brera

 မြန်မာပြည်အရောက်နည်းတာ အဓိက အကြောင်းနှစ်ချက်ပဲ ရှိပါတယ်။ အင်ဂျင်ပါဝါကြီးတာနဲ့ အပိုပစ္စည်း ရှားခြင်း နှစ်ချက်ဖြစ်ပါတယ်။ သို့ပေမယ့် အများနဲ့မတူမှ ကြိုက်ပါတယ်ဆိုတဲ့ ပြိုင်ကား ပရိတ်သတ်များ အတွက် စဉ်းစားစရာ စားရင်းထဲ ထည့်ထားနိုင် ပါတယ်။


Alfa Romeo Brera လို့အမည်ရပြီး အီတလီ Brand ဖြစ် ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ကြားမော်ဒယ် ကားများဖြစ်ပြီး ဂျပန်လေလံကားဈေးကွက်ထဲမှာ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဓာတ်ဆီအင်ဂျင်၊ ဒီဇယ် အင်ဂျင် နှစ်မျိုးခွဲထုတ်ထားပါတယ်။ ဓာတ်ဆီအင်ဂျင် သုံးမျိုး- ၁၇၅၀စီစီ I4 အင်ဂျင်၊ ၂၂၀၀ စီစီ JTS I4 အင်ဂျင်၊ ၃၂၀၀ စီစီ JTS V6 အင်ဂျင် နဲ့ ဒီဇယ်အင်ဂျင် ၂မျိုး- ၂၀၀၀ စီစီ JTD I4 အင်ဂျင်၊ ၂၄၀၀ စီစီ JTD I5 အင်ဂျင် စတာတွ ဖြစ်ပါတယ်။ ဓာတ်ဆီ ၃၂၀၀ က စွမ်းဆောင်ရည် အမြင့်ဆုံး ဖြစ်ပါတယ်။ သို့ပေမယ့် အများကြီးတော့ ခြားနား ချက် မရှိပါဘူး။

ပြိုင်ကား အမျိုးအစားဖြစ်တဲ့အတွက် တံခါးနှစ်ပေါက်နဲ့ပဲ ထုတ်ပါတယ်။ ဘော်ဒီိတစ်ခုလုံး နေရာတော်တော်များ များက အလူမီနီယမ် ကိုယ်ထည်ပဲ ဖြစ်ပါတယ်။ ဒီတော့ ဝိတ်က ပေါင် ၃၅၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ တံခါးနှစ်ပေါက် ဆိုပေမယ့် နောက်ဖုံးပါတဲ့ တံခါး သုံးပေါက် ဗားရှင်းလည်း ထုတ်လုပ်ထားပါသေးတယ်။ ဂီယာကတော့ ၆ချက် ရိုးရိုး၊ ၆ချက် ဆီမီး အော်တို၊ ၆ချက် အော်တို ဆိုပြီး သုံးမျိုးရွေး ချယ်စရာ ရှိပါတယ်။

၂၂၀၀ စီစီ ဓာတ်ဆီအင်ဂျင်ဆိုရင် မြင်းကောင်ရေအား ၁၈၂ ထုတ်လုပ်နိုင်ပါတယ်။ ၃၂၀၀ စီစီမှာဆို မြင်းကောင်ရေအား ၂၆၀ အထိ ထုတ်လုပ်နိုင်ပါတယ်။ အမြန်ဆုံး speed ကတော့ တစ်နာရီမိုင် ၁၆၀ အောက်မှာပဲ ရှိပါတယ်။ တံခါးပေါက်က ရိုးရိုး ဘေးအဖွင့်အပိတ်မဟုတ်ပဲ အပေါ်ပင့် ရမယ့် အမျိုးအစား ဖြစ်ပါတယ်။ အမိုးပွင့်ကားနဲ့ အမိုးလုံ coupe ဆိုပြီး နှစ်မျိုးထုတ်ထားပါတယ်။

လေးဘီးမောင်းစနစ်၊ နှစ်ဘီးမောင်းစနစ် နှစ်မျိုး ထုတ်လုပ် ထားပါတယ်။ လေးဘီးမောင်း ၃၂၀၀ စီစီမှာ ဆီစားနှုန်းက ကီလိုမီတာ ၁၀၀ကို ၁၁ ဂါလံ လို့ဆိုပါတယ်။ ၂၄၀၀ စီစီ မှာတော့ အော်တိုဆိုရင် ၁၀၀ကီလိုမီတာမှာ ၇.၈ လီတာ ဖြစ် ပါတယ်။ ဒါတွေက အမေရိကန်မှာ စမ်းသပ်ထားတာ ဖြစ်ပါ တယ်။

ကားအရှည် ၁၇၃.၆ လက်မ၊ အကျယ် ၇၁.၉ လက်မ၊ အမြင့် ၅၅.၉ လက်မ အတိုင်း ကိုယ်စီရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာဆို ရင် ဂျပန် Mazda နဲ့ပေါင်းပြီး Alfa Romeo Brera မော်ဒယ်သစ်ထုတ်မယ်လို့ သိရပါတယ်။ Brera ရဲ့ ဈေးနှုန်းက သာမန် Nissan Fairlady ပြိုင်ကားတို့နဲ့ သိပ်မကွာပါဘူး။ သိန်း ၆၀၀ ဝန်းကျင်နဲ့ ၂၀၀၇ အောက်မော် ဒယ် Remeo ပြိုင်ကားတွေဝယ်စီးနိုင်ပါတယ်။ ၂၀၁၀ မော်ဒယ်မှကြိုက်တယ်ဆိုရင် သိန်း ၁၀၀၀ လည်း ကျော်နိုင်ပါတယ်။ စဉ်းစားစရာ နှစ်ချက်ဖြစ်တဲ့ အင်ဂျင်ပါဝါကြီးမှုနဲ့ ကားအပိုပစ္စည်းရှားပါးမှု ကို ဖြေရှင်း ရန် ငွေအလုံလောက်ရှိတယ်ဆိုရင် လေလံဆွဲနိုင်တဲ့ အီတလီပြိုင်ကား ဖြစ်ပါတယ်။
---
http://www.colayonline.com.mm/automobile/portal.html#auction











0 comments: